သာယာတဲ့မနက်ခင်းလေးတစ်ခုမှာ
ခပ်စူးစူးနေရောင်ခြည်ရဲ့အလင်းတန်းဟာဆိုရင်တော့ဖြင့်
အခန်းထဲမှာအိပ်ပျော်နေတဲ့
ကောင်မလေးကိုနိုးသွားစေသည်။"ဝါး..."
အိပ်ရာပေါ်ထထိုင်လိုက်ရင်း
တိုင်ကပ်နာရီကိုလှမ်းကြည့်လိုက်တော့8နာရီထိုးပြီဖြစ်သည်။ဒီချိန်သူ့ဆိုင်သွားဖွင့်ရမှာ
မဟုတ်လား။"ခက်ရေ..နိုးပြီလား"
အောက်ထပ်မှအသံ
သေချာတာကတော့"ခက်"ရဲ့
သိပ်ခင်ရတဲ့သူငယ်ချင်းရဲ့အသံ"အွန်းနိုးပြီ
ဇွန်ရေ""အေးအေး
ရေချိူးပြီးဆင်းလာခဲ့တော့
ငါမနက်စာပြင်ပေးထားတယ်"--------------------------------
"အာ..သကြားမရှိတော့ဘူးလား!
ဟိုနှစ်ယောက်ကလည်းမလာသေးဘူး""လာပါပြီဟ"
"အမလေး
မယ်မင်းကြီးမနှစ်ယောက်တို့
အခုမှဘဲရောက်တော့တယ်"မနက်စာစားပြီးဆိုင်ဖွင့်ဖို့သွားခဲ့သည်။
"ခက်"ပေါ့
သူအိပ်ပျော်နေတာလေ""ထားလိုက်ပါတော့ဒါနဲ့လေ
သကြားကုန်နေလို့သွား၀ယ်ပေးဦး"ခက်တို့သူငယ်ချင်းသုံးယောက်က
ငယ်စဉ်ကတည်းကအခုအသက်
နှစ်ဆယ်ကျော်ရောက်သည်အထိ
တစ်ယောက်အကြောင်းတစ်ယောက်သေချာသိပြီးပေါင်းလာတဲ့သူငယ်ချင်းတွေဆိုလည်းမမှားပါဘူး။"ကဲ
ဒီနေ့အိပ်ရာထနောက်ကျတဲ့မမ
ခက်"သွား၀ယ်ပါ"အေးပါဟယ်"
-------------------------------------
"အန်တီရေ"
"ခါတိုင်းလိုဘဲလားသမီး"
"ဟုတ်ကဲ့အန်တီ"
ခက်ဆိုသည်မှာဖြူစင်ရိုးသားပြီး
စကားပြောပွင့်ပွင့်လင်းလင်းရှိတဲ့ကြောင့်ထိုလမ်းထဲကလူတွေလည်းချစ်ကြသတဲ့ခက်"လည်း၀ယ်စရာရှိတာတွေ၀ယ်ပြီးဆိုင်ထဲကအထွက်
ဒုန်း*
"မင်း..လူတစ်ယောက်လုံးကိုတောင်
မမြင်ဘူးလား!အမဲရောင်suit၀တ်ဆင်ထားပြီး
ဆံပင်ကိုနောက်လှန်ထားတာ
ရုပ်ရည်ခပ်ဖြောင့်ဖြောင့်
ကြည့်ရတာအသက်20ကျော်"ခက်"
တို့အရွယ်ကောင်လေးတစ်ယောက်"မမြင်လို့ပေါ့
မြင်ရင်၀င်တိုက်ပါ့မလား""မင်း!ငါဘယ်သူလဲဆိုတာ
မသိဘူးလား"ကြည့်ရတာထိုလူကအာဏာပြချင်တဲ့ပုံ"ခက်တို့လည်းဘယ်ခံမလဲ
"သိလည်းမသိပါဘူး
သိလည်းမသိချင်ပါဘူးရှင်""ဟေ့ရောင်ရှိန်!
ဘာတွေဖြစ်နေတာလဲ"သူလည်းဘဲအမဲရောင်suit၀တ်ဆင်ထားပြီးဆံပင်ရွှေအိုရောင်ဖုံးလွှမ်းထား၍အသားခပ်ဖြူဖြူ
အရပ်အမောင်းကောင်းကောင်း
လူတစ်ယောက်"ဒီမှာပေါ့
ချာတိတ်လေးတစ်ယောက်
ပြသာနာရှာနေတာ""ဘာချာတိတ်လဲ!
ချီးထုတ်ကောင်ရဲ့""ဘာကွ!မင်း
"ထားလိုက်ပါကွာ
ညီမရေ..အကိုဘဲကြားက
တောင်းပန်ပါတယ်""မင်းကလည်း
တောင်းပန်စရာမလိုဘူး!
ငါမှားတာမှမဟုတ်တာ""ရှင်ကလေ..တကယ်
မိန်းမကြီးကျနေတာဘဲ
မိန်းကလေးတစ်ယောက်ကို
ရန်တွေ့နေတာ""လာစမ်းကြည့်လေ
ငါယောကျာ်းဟုတ်မဟုတ်"!ခက်လည်းဒီတိုင်းပြောလိုက်ပေမဲ့
သူ့ဘက်ကအဲ့လောက်ထိပြန်ပြောလိုက်တော့အနည်းငယ်ရှက်သွားတာတော့အမှန်ပင်။
"ကဲပါ
သွားရအောင်"ရှိန်""အေး!
နောက်ခါဆိုမလွယ်ဘူး"သူတို့နှစ်ယောက်လည်းထွက်သွားလေသည်။
"ခက်ကတော့ထိုနေရာမှာ
"ရှိန်"ပြောခဲ့တဲ့စကားကြောင့်
ကြောင်ပြီးရပ်နေမိတယ်။#parkeunjoo
![](https://img.wattpad.com/cover/305084429-288-k657547.jpg)