part19

2.1K 84 0
                                    

"ငါ..အဖွားကိုလိုက်ရှာရမယ်!

ခက်"လည်းစဉ်းစားနေရင်း
သူ့ကိုဆွဲကြိုးပေးခဲ့တဲ့အဖွားအိုကိုလိုက်ရှာကြည့်ဖို့သတိရသွားခဲ့တယ်။

"နင်ဘယ်သွားမလို့လဲ"

"ငါအပြင်သွားမလို့

အခန်းထဲကပြင်ဆင်ပြီး
ထွက်လာတဲ့သူမ။

အခုမှသတိရတာလေ
သူမဘယ်ကိုသွားမှာလဲ

"မေလည်းစိတ်ပူပြီးမေးလိုက်တယ်။

"နင်ကလည်း
အခုမှသတိပြန်ရလာတာလေ"

"အရေးကြီးလို့ပါဟာ
ငါသွားတော့မယ်"

သူမ"ဘာကိုဒီလောက်အလောတကြီးသွားစရာရှိလည်းဆိုတာတကယ်မသိပေ။

သူမကျန်းမာရေးထက်
အရေးကြီးတဲ့အရာကရှိသေးလို့လား။

ပြောလို့တောင်မဆုံးသေး
အမြန်ထွက်သွားသောသူမ။

မတားနိုင်တော့လည်း
လွှတ်ပေးလိုက်ရတာပေါ့

-------------------------
အဖွားကဒီမှာဘဲရှိရမယ်
မဟုတ်လား။

ဟိုတစ်ခါကဆွဲကြိုးပေးခဲ့တဲ့
အဖွား။

ကုန်တိုက်ရှေ့မှာဘဲတွေ့ခဲ့တာ

ဒါမဲ့အခုဘာလို့မတွေ့ရတာလဲ။

အခုဆိုခက်"တစ်ယောက်ရှာနေတာ2နာရီလောက်ရှိပြီဖြစ်သည်။

2နာရီအတွင်းမှာအဖွားရဲ့
ဘာအရိပ်အယောင်မှတောင်
မတွေ့ခဲ့ရဘူး။

*ကလင် *ကလင်

ရုတ်တရက်ဖုန်းမြည်သံကြောင့်

"အေးပါဟ လာခဲ့မယ်"

ခက်ရဲ့သူငယ်ချင်းတွေဟာ
စိတ်ပူပြီးအိမ်အမြန်ပြန်လာခိုင်းနေပြီဖြစ်တယ်။

သို့သော်လည်းသူမဟာ
လင်း"ကိုပြန်တွေ့ချင်တဲ့စိတ်ကြောင့်

လင်းရှိတဲ့နေရာပြောပြနိုင်မယ့်
အဖွားကိုသာဆက်ရှာနေမိတယ်။

ဒါဟာစစ်မှန်တဲ့ချစ်ခြင်းတစ်ခုလား။

ဒီလိုနဲ့တစ်ဖြည်းဖြည်းညဉ့်နက်
လာခဲ့ပြီ။

ထိုကြားထဲအချိန်အခါမဟုတ်
ရွာတဲ့မိုးကြောင့်

သူမမှာအခက်တွေ့နေရတယ်။

အထိန်းအကာ တွေလည်း
မပါလာတဲ့အတွက်ပေါ့။

သို့သော်လည်းသူမမှာ
လက်လျော့ခြင်းမရှိဘဲမိုးရေတွေကြားထဲမှာလိုက်လံရှာဖွေနေခဲ့တယ်။

*ကလင်*

နောက်တစ်ကြိမ်ထပ်မံ
ကြားရသောဖုန်းသံ

သေချာပေါက်"ခက်ရဲ့သူငယ်ချင်း
ပင်။

ခက်"ရဲ့လျစ်လျူရှူပြီးအဖွားကို
ရှာဖို့သာအာရုံစိုက်ခဲ့တယ်။

ဒါဟာသူငယ်ချင်းတွေကို
မုန်းလို့မဟုတ်ပေ။

ခက်"မပြန်လာမချင်းသူတို့
ဖုန်းဆက်ခေါ်နေမှာသိနေတာကြောင့်ပင်ဖြစ်တယ်။

ကံကြမ္မာကထိုကောင်မလေး
အပေါ်ရက်စက်တယ်လို့ပြောရမလား။

မိုးတွေကအဆက်မပြတ်
ရွာနေခဲ့ပြီး

အဆုံးမှာတော့သူမရဲ့အမြင်တွေ
မှုန်ဝါးလာပြီးထိုနေရာမှာတင်
‌လဲကျသွားခဲ့တယ်။

------------------------
"ငါ..ဘယ်ရောက်နေတာလဲ"

"မြေးလေး နိုးလာပြီလား

"ဟမ် အဖွား!..

ခက်"လည်းတစ်ခါမှမဖြစ်ဖူးတဲ့အပျော်မျိုးခံစားချက်တစ်ခုဖြစ်ပေါ်လာခဲ့တယ်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


ခက်"လည်းတစ်ခါမှမဖြစ်ဖူးတဲ့
အပျော်မျိုးခံစားချက်တစ်ခု
ဖြစ်ပေါ်လာခဲ့တယ်

သူကိုယ်တိုင်ကတောင်မယုံနိုင်အောင်ပေါ့။

#parkeunjoo

My Vampire😈Where stories live. Discover now