ဒီလိုနဲ့တောအုပ်ထဲကိုဆက်ဝင်လာခဲ့တယ်။
လမ်းတစ်၀က်လောက်ရောက်တော့
"ရောက်လာပြီပေါ့"
"ဟုတ်ကဲ့အရှင်မ"
အဘွားအိုတစ်ဦး၏အသံကဲ့သို့
ဖြစ်တာကြောင့်။"တစ်လောကလုံးမှာ
အလှဆုံးမိန်းမကဘယ်သူလဲ""လူတိုင်းမှာအလှတရားကိုယ်စီ
ရှိကြပါတယ် အရှင်မ"ပထမမေးခွန်းနဲ့ခပ်ဆင်ဆင်ဖြစ်တဲ့အတွက်သူမဘယ်လိုဖြေရမလဲဆိုတာနားလည်သွားခဲ့ပြီဖြစ်တယ်
---------------------------
ဒီလိုနဲ့နောက်ဆုံးအဆင့်အတွက်
ဖြေဖို့ဆက်လျှောက်လာရင်း။"အရှင်မင်းကြီး
ကျွန်မရောက်ပါပြီ""လူသားတွေကဘာလို့အပူအပင်
တွေရှိနေရတာလဲ""ခက်တစ်ယောက်အနည်းငယ်
တွေဝေသွားခဲ့တယ်။ပထမမေးခွန်းတွေနဲ့မတူလို့ပေါ့။
"ကဲ ဘယ်လိုလဲ
အချိန်တစ်မိနစ်ရှိသွားပြီနော်""ဟုတ်...ကဲ့ပါ
ကျွန်မသိပါပြီ""လူသားတွေက လောဘ ဒေါသ
မောဟတွေကြောင့်အမြဲတမ်းပူလောင်နေရတာပါ"
လူသားတွေက
ရတာထက်ကိုပိုလိုချင်။
အဲ့တာကနေလောဘဖြစ်လာပြီး
မရတဲ့အခါ
ဒေါသ မောဟတွေဖြစ်လာကာ
နောက်ဆုံးပူလောင်ခဲ့ရတာပါဘဲ။"မင်းက တကယ်တော်တဲ့
မိန်းကလေးဘဲ""ဟုတ် ကျေးဇူးတင်ပါတယ်အရှင်
ဒါဆို သွားခွင့်ပြုပါဦးနော်""နေဦး!မင်းချစ်သူကမင်းအတွက်
အရမ်းအရေးပါတာလား"သိပ်အရေးပါတာပေါ့ အရှင်
သူကကျွန်မဘ၀မှာအရမ်းမြတ်နိုးရတဲ့သူပါဘဲ""မင်းအသက်ကိုတောင်
သူ့အတွက်ပေးရဲတာပေါ့"?
တန်လို့လား""တန်တာမတန်တာအရေးမကြီးပါဘူးအရှင်။
အဓိကကသူပျော်ရွှင်ဖို့ပါ
သူပျော်တာမြင်ရင်ကျွန်မလည်းပျော်တယ်
သူ၀မ်းနည်းရင်ကျွန်မလည်း၀မ်းနည်းတယ်
သူလေးအနည်းငယ်မျက်နှာညှိုးနေခဲ့ရင်တောင်ကျွန်မရင်ထဲမှာ
ကမ္ဘာပျက်သလိုခံစားရတယ်
သူ့ကိုအသက်ထက်ချစ်တယ်အသက်ထက်လည်းမြတ်နိုးတယ်
ဒါကြောင့်သူ့အတွက်ဆိုရင်
ကျွန်မအသက်ကိုပေးဖို့၀န်မလေးပါဘူး""ချစ်ခြင်းတရားဟာလည်း
တယ်ဆန်းကြယ်လှပါလား"
မိန်းကလေး မင်းရည်းစားကိုရှာဖို့
သွားလို့ရပါပြီ""ဟုတ်ကဲ့ ကျေးဇူးပါအရှင်"
--------------------
မှောင်မဲလှတဲ့တောနက်ကြီးဟာ
ပိုနီးလာလေပိုနက်လာလေဘဲ။ဒီလိုအမှောင်ထုကြီးကြားက
မိန်တုတ်တုတ်အလင်းရောင်လေးကိုရှာဖို့ဆိုတာသိပ်မလွယ်ကူပေ။ဒါပေမဲ့ချစ်ခြင်းရဲ့စွမ်းအားလိုဘဲပြောရမလား။
သူတို့နှစ်ယောက်ရဲ့တစ်ယောက်ကို
တစ်ယောက်ထားတဲ့ချစ်ခြင်းတွေဟာသူတို့နှစ်ယောက်ကိုပြန်ဆုံစေတယ်။"...မိန်းမ..ကိုယ့်ကိုလာရှာတယ်ပေါ့"
သူတို့နှစ်ယောက်ရဲ့မျက်၀န်းထဲမှာ
အချစ်တွေအလွမ်းတွေ
ယုရကြင်နာမှုတွေနဲ့ယုံကြည်မှုတွေသာပြည့်နှက်နေတယ်။တစ်ယောက်ကိုတစ်ယောက်
ပြေးဖက်လိုက်ရင်းရုတ်တရက်ပျောက်သွားသော
အလင်းတန်းနဲ့ပြန်နိုးထလာသော
"ခက်"နိုးလာပြီလား ခက်"
အိပ်ရာဘေးနားမှာထိုင်စောင့်နေတဲ့
သူငယ်ချင်းနှစ်ယောက်ဖြစ်သူခက်"တစ်ယောက်သိခဲ့ပြီ။
ဒီဟာတွေကအိမ်မက်တစ်ခုဆိုတာထိုချိန်
သူကြုံတွေ့ခဲ့တာတွေ
အကုန်လုံးကအိမ်မက်မဟုတ်ခဲ့တာ
သက်သေပြဖို့အလင်းတန်းတစ်ခုနဲ့
ထွက်လာခဲ့တဲ့လူတစ်ယောက်။ထိုလူဟာသူသိပ်မြတ်နိုးရတဲ့
လူသားလေး"လင်း"ဘဲမဟုတ်လား။"ချစ်တယ် ခက်"
"ချစ်တယ် လင်း"
သူတို့နှစ်ယောက်ရဲ့အချစ်တွေကြောင့်လင်း"အပေါ်ကျရောက်နေတဲ့ခမည်းတော်ရဲ့ကျိန်စာတွေဟာလည်းပြယ်သွားခဲ့ပြီ။
ထိုလူသားနှစ်ယောက်လည်း
တစ်ယောက်ကိုတစ်ယောက်
အချစ်တွေတဖြည်းဖြည်းပိုလာကာ
ပျော်ရွှင်စွာနေထိုင်သွားခဲ့ကြတော့တယ်။The end ။
အဆုံးထိဖတ်ပေးခဲ့တဲ့သူအားလုံးကိုကျေးဇူးအထူးတင်လျက်ပါ။
အရေးအသားတွေလိုသေးပေမဲ့
အားပေးခဲ့လို့ကျေးဇူးပါ။ဆက်လည်းကြိုးစားပါ့မယ်။
#parkeunjoo
![](https://img.wattpad.com/cover/305084429-288-k657547.jpg)