ပြတင်းပေါက်ကလေလည်း
တဖြူးဖြူးတိုက်နေဆဲကာလ
အသိတစ်ခုကြောင့်ပြန်နိုးထလာတယ်။လေးလံနေတဲ့မျက်တောင်လေးကို
အားစိုက်ပြီးဖွင့်ကြည့်လိုက်တော့အနားမှာငိုနေတဲ့ကောင်မလေးနှစ်ယောက်။
ရုတ်တရက်သူတို့နှုတ်ဖျားမှ
ထွက်လာတဲ့စကားတစ်ခွန်း"..ခက်
နင်..သတိပြန်ရလာပြီလား""မေ!ဇွန်!"
သူတို့သူငယ်ချင်းသုံးယောက်လည်းအချင်းချင်းဖက်လိုက်ကြတယ်။
"ဒါနဲ့...လင်း"ရော
"ဘယ်ကလင်း"လည်းဟ?
အခုမှသတိရခါစဆိုတော့
ကယောင်ကတန်းပြောတယ်လို့ဘဲ
မေ"ထင်လိုက်တယ်။"လင်းလေဟာ
"ခက်!နင်ဘာတွေပြောနေမှန်စတော့မသိပေမဲ့ငါတို့ပြောတာအရင်နားထောင်ပါ"
"အမှန်ဆိုငါတို့နင့်ကိုဆုံးသွားပြီတောင်ထင်ခဲ့တာနင်သတိလစ်သွားတာ4လလောက်ကြာခဲ့ပြီ"
"ငါ..သတိလစ်တယ်!ဟုတ်လား
နင်တို့ဘာတွေပြောနေတာလဲ
ငါသတိမလစ်ပါဘူးလင်း"လေ
ငါ့ကိုခေါ်သွားတာ""ခက်!ငါထင်တဲ့အတိုင်းဘဲ"
"ဟင်..နင်ဘာထင်တာလဲ
"နင်ဟိုဆွဲကြိုးယူလာတဲ့နေ့က
အဲ့ဆွဲကြိုးကနေတစ်ဆင့်
နင့်ဝိညာဉ်ကိုသူယူသွားခဲ့တာ""အဲ့နေ့မနက်က
ငါနင်တို့ကိုရှာမတွေ့ဘူး""ငါတို့အဲ့နေ့မနက်က
အပြင်သွားနေခဲ့တာ
ငါတို့ပြန်ရောက်တော့နင်အိမ်နောက်ဖေးမှာသတိလစ်နေတာ""...ငါတို့နင့်ကိုသတိပြန်မရတော့ဘူးတောင်ထင်ခဲ့တာ
ပြောရင်းနဲ့သူတို့မျက်၀န်းထဲမှာ
မျက်ရည်လေးတွေစို့လျက်
အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ကိုဆုံးရူံးရတော့မယ့်အတွေးနဲ့ပေါ့။"ကဲပါဟာ
နင်တို့ကလည်းမငိုနဲ့တော့
ငါလည်းပြန်သတိရလာပြီဘဲကို"ခက်"လည်းသူ့သူငယ်ချင်းတွေကို
နှစ်သိမ့်ပေးလိုက်တယ်။"ဒါနဲ့ငါလေ
တစ်ယောက်တည်းနေချင်လို့
ခဏလောက်ထွက်သွားပေးပါလား""အေး"
သူတို့လည်းထွက်သွားတော့
တစ်စုံတစ်ယောက်ရဲ့အကြောင်းကို
ခက်"တစ်ယောက်စဉ်းစားမိလိုက်တယ်။သူအရမ်းချစ်ရတဲ့လင်းကိုပေါ့။
ခက်"လည်းစဉ်းစားနေရင်း
မျက်၀န်းထဲကမျက်ရည်တွေစီးကျလာတယ်။သိပ်ချစ်ရတဲ့သူကိုဘယ်တော့မှ
မတွေ့ရတော့ဘူးဆိုတဲ့အတွေးနဲ့
သူ့မျက်ရည်တွေဟာဒလဟော
မြစ်ချောင်းထဲကရေစီးကျသလို
ထိန်းမရလောက်အောင်စီးကျလာခဲ့ပြီ။(တချက်ရှင်းပြမလို့ပါ)
လင်းခေါ်လာပေးတဲ့မေနဲ့ဇွန်နဲ့က
မှော်နဲ့လုပ်ထားတဲ့အရာတွေပါ။တကယ့်သူငယ်ချင်းအစစ်
ခေါ်လာပေးလို့မရပါဘူး။ဘာလို့လဲဆိုတော့ခက်"ကိုလင်းက
ဆွဲကြိုးကိုအသုံးပြုပြီးအိမ်မက်ထဲကနေဝိညာဉ်ကိုခေါ်ထားတာကြောင့်ပါ။#parkeunjoo
![](https://img.wattpad.com/cover/305084429-288-k657547.jpg)