part20

2.1K 94 0
                                    

"အဖွားကိုလိုက်ရှာနေတာ
မလား"

"ဟုတ်အဖွား"ဟိုလေ

"သမီး...အဖွားမပြောပြခင်
စိတ်ကိုအရင်ဖြေနော်"

စိတ်ဖြေရမယ်..အဖွားက
ဘာကိုပြောမလို့လဲ ရုတ်တရက်
လင်းကိုစိတ်ပူမိပြီးကြောက်စိတ်
အချို့လည်းဝင်လာခဲ့တယ်။

"သမီးနဲ့လင်းရဲ့ရေစက်က
ကုန်သွားခဲ့ပြီ"

"ရှင်!

မထင်မှတ်ထားရတဲ့စကားတစ်ခွန်း
"ရေစက်ကုန်သွားပြီ"တဲ့လား
အရင်တုန်းကဒီလိုစကားတွေ
အယုံအကြည်လုံး၀မရှိခဲ့တဲ့ခက်"
အခုတော့အဲ့စကားတွေရဲ့
နှိပ်စက်မှုကိုခံနေရပြီ။

"အဖွားလည်းစိတ်မကောင်းပါဘူး"

"မဟုတ်ဘူး!အဖွား
နည်းလမ်းတစ်ခုခုတော့ရှိမှာပါ
သမီး"လင်း"ကိုတွေ့ရမယ်ဆိုရင်
ဘာမဆိုပေးဆပ်နိုင်ပါတယ်"

သူမရဲ့ဘ၀မှာလင်း"ဆိုတဲ့
ထိုလူသားလေးကိုမတွေ့ရရင်
အသက်ရှင်နိုင်မည်မဟုတ်ပါ။

ထိုလူသားလေးဟာ
သူမရဲ့နှလုံးသားလေးကိုဖမ်းစား
သွားတာကြောင့်ဆိုတာ

"ဘာမဆိုလား
သမီးရဲ့အသက်နဲ့ဆိုရင်ရော
ရလား"

"ဟုတ် ရပါတယ်"

ခက်"တစ်ယောက်မတုံ့မဆိုင်းဘဲ
ဖြေလိုက်တယ်။

"သေချာစဉ်းစားနော်
သမီး"

"ဟုတ်"

"မာရီရှစ်"ဆိုတဲ့တောအုပ်တစ်ခုထဲမှာလင်း"ရှိတယ် ဒါမဲ့!
အဲ့တောအုပ်ထဲသွားချင်ရင်
နတ်မင်းကြီးသုံးပါးရဲ့စစ်ဆေးခြင်းကိုခံရမယ်အဲ့ထဲကမေးခွန်း3ခုမှာ
1ခုမှားတာနဲ့အသက်ဆုံးရူံးရ
လိမ့်မယ်"

အဖွားကိုကြည့်ရတာ
သိပ်ပြီးတော့မသွားစေချင်တဲ့ပုံ။

ဒါပေမဲ့ချစ်ရတဲ့သူကိုသွားတွေ့ရမှာဆိုတော့လည်း"ခက်တစ်ယောက်
စိတ်ကိုသေချာဆုံးဖြတ်ကာ
သွားဖို့သာပြောလိုက်တယ်။

---------------------------------
သစ်ပင်စိမ်းလေးတွေနဲ့ပြည့်နှက်
နေတဲ့တောအုပ်ကြီးတစ်ခု။

"သမီး..မေးခွန်းတွေဖြေတဲ့အခါ
အမှန်တိုင်းပြောရဲတဲ့သတ္တိရှိရမယ်နော်"

My Vampire😈Where stories live. Discover now