part14

2.2K 95 0
                                    

"အား..ကျွတ်"နာလိုက်တာ

ညကလုပ်ထားတဲ့အရှိန်ကြောင့်
ငေါက်ခနဲကောက်ထရင်းခက်"ရဲ့
ညဉ်းသံလေးထွက်လာတယ်။

"မိန်းမ..

"အမလေး လန့်တာ..

အိပ်ရာပေါ်မှာငုတ်တုတ်ကြီး
ထိုင်ကြည့်နေတဲ့လင်းဖြစ်သူကြောင့်

"ကိုယ်သွေးသောက်ချင်တယ်

"ဟင်.."

ခက်"တစ်ကိုယ်လုံး
ကြက်သီးထသွားရလောက်အောင်
ကြားလိုက်ရတဲ့စကားတစ်ခွန်း။

"ကိုယ်..‌သွေးမသောက်ရတာ
ကြာပြီ"

တကယ်ဆိုခက်"သူ့ဆီကိုရောက်
ကတည်းကလင်းတစ်ယောက်
သွေးမသောက်ဖြစ်တာတော့အမှန်ပင်။

ခက်"မြင်ပြီးလန့်သွားမှာစိုးတာကြောင့်လည်းပါတာပေါ့။

"သွေး..ကဘယ်ကရမှာမို့လို့လဲ.."

ခက်"လည်းကြောက်"လန့်နဲ့
မေးလိုက်မိတယ်။

"လူတွေ...

ပြောနေရင်းနဲ့အရုပ်ကြိုးပြတ်သလို
လဲကျသွားသောလင်း"

"ကို!ထဦးလေ
ဘာဖြစ်တာလဲ..."

ခက်"တစ်ယောက်လည်း
တစ်ကိုယ်လုံးပူထူပြီးစိတ်ပူသွားခဲ့တယ်။

"..သွေး..

ရုတ်တရက်သတိလစ်နေတဲ့
ကောင်လေးနှုတ်ဖျားကလစ်ခနဲ
ထွက်လာတဲ့အသံ..

"ကို..!
ခက်ကိုကိုက်လိုက်ပါ"

"ဟင့်အင်း!..ခက်"မလုပ်ပါနဲ့
ကိုယ်နောက်တစ်ကြိမ်မင်းကို
ထပ်မဆုံးရူံးချင်ဘူး"

ခက်"လည်းသူထပ်ငြင်းနေမှာသိတာကြောင့်ဆက်မပြောတော့ဘဲ
နောက်ဖေးကိုသာ၀င်သွားခဲ့တယ်။

--------------------
"အ့..နာလိုက်တာ"

စားပွဲပေါ်မှာတင်ထားတဲ့ဓားနဲ့
သူ့လက်သူမွန်းရင်းတစိမ့်စိမ့်ထွက်လာတဲ့သွေးစတွေကိုအနားမှာရှိတဲ့ခွက်လေးတစ်လုံးထဲထည့်လိုက်သည်။

"မိန်းမ..

"ကိုဘာမှစိတ်မပူနဲ့တော့နော်
ဒါလေးသောက်လိုက်"

"မင်း..!ဒီသွေးတွေကို
ဘယ်ကရောက်လာတာလဲ"

ရုတ်တရက်ခွက်အပြည့်နဲ့သွေးတွေကိုလာပေးတော့အနည်းငယ်
ပျော်သွားသလိုအနည်းငယ်လည်း
စိတ်ပူမိသွားတယ်။

"တောထဲက အကောင်တစ်‌ကောင်ကိုသတ်လာတာ"

သေချာပေါက်ခက်"ရဲ့သွေးလို့
ပြောလိုက်ရင်လင်း"တစ်ယောက်
ငြင်းမှာသိနေတာကြောင့်
တမင်လိမ်ပြောခဲ့တယ်။

သူချစ်ရတဲ့သူကိုလည်းမနာကျင်စေချင်လို့တဲ့လေ။

*ဂွက် ဂွက်*

ခွက်ထဲကသွေးတွေကို
နို့ဆာနေတဲ့ကလေးတစ်ယောက်လို
အပြိုင်သောက်နေသတဲ့။

တစ်ဖက်ကလည်းသူ့လက်က
ဓားနဲ့မွန်းထားတဲ့ဒဏ်ရာလေးကို
ဖုံးရင်း။

သူလေးအားရပါးရသောက်နေတာမြင်တော့လက်ကဒဏ်ရာရဲ့နာကျင်မှုကိုတောင်ပီတိစိတ်လေးက
အနိုင်ယူသွားသတဲ့။

ဒါဟာအချစ်ဘဲမဟုတ်လား။

"ကို..ဖြည်းဖြည်းသောက်လေ"

"..."

တစ်ခွက်လုံးအကုန်မော့လိုက်ပြီးမှစကားစပြောတယ်။

"မိန်းမ..ကိုယ်တောင်းပန်ပါတယ်
ကိုယ့်ကြောင့်နဲ့မင်းပင်ပန်းရပြီ"

"ရပါတယ်ကိုရဲ့
ဒါလေးကမပြောစလောက်လေးဘဲကို"

#parkeunjoo

My Vampire😈Tahanan ng mga kuwento. Tumuklas ngayon