part17

2.1K 83 0
                                    

"လွှတ်ဦး.!အသက်ရှူကျပ်နေပြီ"

အတင်းဖက်ထားတဲ့လင်း"ကြောင့်
ခက်"လည်းပြောလိုက်သည်။

"မလွှတ်ဘူးကွာ!

ထိုသို့ပြောပြီးတာနဲ့သူတို့နှစ်ယောက်ရဲ့နှုတ်ခမ်းသားတွေဟာ
တစ်ထပ်တည်းကျသွားလေတယ်။

"သိပ်ချစ်တယ် မိန်းမ"

"ခက်"လည်းချစ်တယ်ကို"

-------------------------
"ဝါး.....အမလေး
လန့်တာ"

မနက်နိုးနိုးချင်းစိုက်ကြည့်နေတဲ့
လင်း။

"မိန်းမ ကိုယ်ဆွဲကြိုး
ပြန်ဆွဲပေးထားတယ်"

ကြည့်လိုက်တော့ဟိုရက်က
သူငှားသွားခဲ့ခက်"ရဲ့ဆွဲကြိုးလေး

"ဘယ်..တုန်းကပြန်ဆွဲပေးထားတာလဲ"

"ဒီမနက်ကဘဲလေ"

"အင်း"

"ကိုယ့်ကိုကတိတစ်ခုတော့ပေး

"ပြောလေ

"အဲ့ဆွဲကြိုးကိုလုံး၀အောက်မပြုတ်ကျစေနဲ့။ပြီးတော့မပျောက်စေနဲ့
ကိုယ်ပြောတာကြားလား"

"အင်းပါ.."

သူဘာကြောင့်ဆွဲကြိုးကို
ဆက်ဆက်ထိမခံဂရုစိုက်ခိုင်းတာလည်းဆိုတာကျွန်မလည်းနားမလည်တော့ပါ။

ဒါမဲ့လည်းသူပြောသလိုလုပ်ရမှာ‌ပေါ့။

ဒီလိုနဲ့.........။

အချိန်တွေတဖြည်းဖြည်းကြာလာခဲ့ပြီ။

"ငါတို့လာတယ် ခက်"ရေ

"အေးလာလေ

ဒီအချိန်4လအတွင်းမှာ
မေနဲ့ဇွန်တို့လည်းနေ့တိုင်းမဟုတ်ရင်တောင်တစ်ရက်ခြားတစ်ခါတော့လာဖြစ်တယ်။

ထိုကာလအတွင်းကျွန်မသိလိုက်ရတာကသူတို့နှစ်ယောက်ကကျွန်မ
သူငယ်ချင်းတွေမဟုတ်ဘူးဆိုတာ။

ကျွန်မသူတို့ကိုအမျိုးမျိုးစမ်းသပ်ခဲ့တယ်။

ဒါမဲ့တစ်ခုမှမှန်အောင်မဖြေနိုင်ခဲ့ဘူး။

အဲ့ဒါဆိုရင်ကျွန်မသူငယ်ချင်း
အစစ်တွေကရောဘယ်မှာလဲ။

လင်းကဘာလိုလိမ်ပြီးခေါ်လာတာလဲ။

စတဲ့မေးခွန်းပေါင်းမြောက်များစွာ
ကတော့ကျွန်မခေါင်းထဲမှာ
စွဲကျန်နေခဲ့တယ်။

ဒီလိုနဲ့တစ်နေ့မှာ

ကျွန်မရေချိုးပြီးအခန်းထဲက
အထွက်။

ခနချွတ်ထားတဲ့ဆွဲကြိုးလေးကို
ပြန်၀တ်ဖို့ကောက်ကိုင်လိုက်ရင်း

ထိုဆွဲကြိုးထဲမှာအနီရောင်ရင့်ရင့်
သွေးစတွေကိုတွေ့လိုက်ရတယ်။

အဲ့တာကိုမြင်တဲ့ကျွန်မလည်း
လန့်ပြီးဆွဲကြိုးကိုအောက်ပစ်ချမိတယ်။

ဒါဟာ..ကျွန်မရဲ့နောင်တရမိတဲ့
လုပ်ရက်တစ်ခုဆိုလည်းမမှားပါဘူး။

ထိုဆွဲကြိုးပြုတ်ကျသွားတာနဲ့
အလင်းတန်းတစ်ခုကကျွန်မကို
ခေါ်ဆောင်သွားခဲ့တယ်။

#parkeunjoo

My Vampire😈Donde viven las historias. Descúbrelo ahora