🐁

6.3K 177 1
                                    

ရောင်နီကမကြာခင်ထွက်လုနီးပြီ 'မိုးသောက်‌'ပေးထားတဲ့နှိုးစက်မမြည်ခင် အရင်နှိုးတက်တဲ့ ဌက်သံလေးတွေကြောင့် မိုးသောက်တစ်ယောက် မနက်စောစော ထရချေပြီ။သူမ ရဲ့နာမည်ကတော့ ‌လင်းမိုးသောက် ။

အသက်က 23ပတ်၀န်းကျင်။မဖြူမညို ပြေပြစ်တဲ့အသားရေ။မျက်လုံးမျက်ခုံးကောင်းကောင်းနဲ့ဆိုတော့ ကြည့်ကောင်းတဲ့မိန်းကလေး တွေထဲ ပါတာပေါ့လေ။ဒါပေမယ့်မိုးသောက်က မိန်းကလေး အရမ်းမဆန်ဘူး။ရဲရင့်တယ် ပြတ်သားတယ်။အလုပ်ကိုတိတိကျကျလုပ်တတ်တယ်။

အခုလည်း ကွန်ပျူတာသင်တန်းမှာ နည်းပြဆရာမ ဖြစ်နေပြန်တော့ စော‌စောထပြီး သင်တန်းချိန်အမှီသွားရမှာလေ။ ဒါနဲ့ပဲပြင်ဆင်ပြီးသင်တန်းကိုသွားလိုက်ပါတယ်။ မိုး‌ေသာက် သင်တန်းရောက်တဲ့အခါ summer course စဖွင့်တဲ့ ရက်ဆိုတော့ ကလေးတွေ သင်တန်းသားတွေမှ အများကြီး ရောက်နှင့်နေကြပြီ။

အသက်8နှစ်ကလေးကစလို့ မိုးသောက်ထက် အသက်အရွယ်ကြီးသူတွေအထိစုံလို့ပေါ့။သင်တန်းသားလူများတော့ အသက်ရွယ်လိုက် groupတွေခွဲပြီး basicတန်း Microsoft word, Excel, PowerPoint ,graphicစသဖြင့် အတန်းလိုက်ဘာသာရက်အလိုက်သင်ပေးကြရတယ်။ ဒီလိုနဲ့သင်တန်းပြီးချိန်တွေမှာ သူငယ်ချင်းတွေနဲ့ ခဏတစ်ဖြုတ်ဆိုင်ထိုင် တစ်ခါတစ်လေ အသစ်အသစ်သောsoftware‌ တွေအကြောင်းပြောလိုက်နဲ့ မိုးသောက်တစ်ယောက် ဘ၀ကိုအေးအေးချမ်းချမ်း ဖြတ်‌သန်းနေခဲ့ပါတယ်။

အော် ပြောဖို့ကျန်သေးတယ် မိုးသောက်က ပိန်ပိန်ပါးပါး အရပ်ရှည်တဲ့အမျိုးသမီးတွေထဲလည်း ပါ၀င်နေပြန်ပါသေးတယ်။

မိုးသောက် ကအမေနဲ့စကားပြောတဲ့အခါ မီးငယ်လို့သုံးလေ့ရှိတယ်။ဒီကနေ့မိုးသောက်တစ်ယောက် ကွန်ပျူတာသင်တန်းပိတ်ရက်ဖြစ်တော့

'မား' 'မီးငယ် ဝေလွင် တို့ဆီသွားချင်တယ် ညနေလောက်မှပြန်လာမယ်နော်'

'အေးအေး သွားလေ ဒါပေမယ့် မားဆီဖုန်းဆက် ရောက်တာနဲ့' ဟုတ် ဒါဆိုသွားပြီနော် မား'

ဆောင်းဝေလွင်ဆိုတာက မိုးသောက်ရဲ့ငယ်သူငယ်ချင်းပြောမနာဆိုမနာတွေပေါ့ ။ငယ်လေးထဲက ကျောင်းတူ အတန်းတူ အကျင့်စရိုက်ကအစ တစ်ယောက်အကြောင်းတစ်ယောက်သိထားကြပြီးသားတွေ အိမ်ကလည်းဝေလွင်တို့ဆီဆိုစိတ်ချ‌ကြတယ်။ဒီလိုနဲ့
ဝေလွင်အိမ်ကိုအရောက် ---

ဘ၀အဆက်ဆက်Where stories live. Discover now