ဇာတ်သိမ်းပါပြီ

2.7K 73 2
                                    

ရင်ထဲက ပူလောင်မှုတွေကြောင့် ပြင်ပအအေးဒဏ်တွေလည်း
သိမ်မွေ့မသိတော့‌ပါ ။

သူမ မငိုရပါပဲ မျက်ရည်များအဆက်မပြတ်ကျနေ‌ခြင်းသည်

ထက်ကို နောက်ထပ်တစ်ကြိမ် ဆုံးရှုံးရမယ်လို့ တွေးမိလိုက်ခြင်းကြောင့်ဆိုတာ ငြင်းမရပေ။

🏥
အရေးပေါ်လူနာ ခွဲစိတ်ဖို့
ကာယကံရှင် မိသားစုရဲ့ ခွင့်ပြုလက်မှတ်လိုပါတယ်။

ကျမထိုးပေးလို့မရဘူးလားရှင်
သူ့ရဲ့ကိစ္စအ၀၀ကိုတာ၀န်ယူပါတယ်။

ဒါနဲ့ ညီမက

သူ့ရဲ့ချစ်သူပါ။

ဟုတ်ပါပြီ ဒါဆိုလည်း ဒီမှာ လက်မှတ်ထိုးပါ ။

စိတ်ချပါရစေ ဆရာမ ရယ် ။

ကျမတို့လည်း အစွမ်းကုန်ကြိုးစားပေးမှာပါ။

🩺🧪🌡️💉

ဆရာမ ခွဲစိတ်မှုလေး အခြေ‌အနေ '

ခွဲစိတ်မှုက အောင်မြင်ပါတယ်ရှင် ။

လူနာအခြေအနေကတော့စောင့်ကြည့်ရအုံးမှာပါ။

ICUအရေးပေါ်အခန်းထဲ ၁ ရက်နေပြီးလို့
စိတ်ချရတဲ့အခါ

ပုံမှန်ယူထားတဲ့အခန်းထဲကို ပြောင်းလို့ရပါပြီ

ဟုတ် ကဲ့ပါ ဆရာမ

-------######----------

သိမ်မွေ့ICUအခန်းထဲမှာတော့
ပိုးသတ်၀တ်စုံလေး၀တ်
Pressure အတက်အကျ ကို
စောင့်ကြည့် ရင်း မနက်လင်းခဲ့ပါပြီ။

မပုကိုလည်း ဆေးရုံယူထားတဲ့အခန်းမှာ လိုအပ်တာ
ပြင်ဆင်ထားဖို့ဖုန်းဆက်ပြီးပါပြီ။

ဆရာ၀န်ကြီးတွေ round check လုပ် တော့
ထက် သတိရကာစ ဖြစ်နေပါပြီ။

(သိမ်မွေ့အံ့ဩ၀မ်းသာမျက်လုံးနဲ့ ထက်ကို ပြုံးပြုံးလေး ကြည့်နေလိုက်ပါတယ်)

ဆရာ၀န်ကြီးက

Dr_သမီး နာမည် ဘယ်လိုခေါ်လဲ '
ဖြည်းဖြည်းချင်းဖြေနော် အားမယူနဲ့ရတယ်

H_'ထက်   ထက်   လွင် ပါဆရာ

Dr_မိဘတွေကရော

‌H_ဦးမင်းမာန်နဲ့  ဒေါ်ဆောင်းဝေလွင်ပါ

ဘ၀အဆက်ဆက်Where stories live. Discover now