💥👯

1K 46 0
                                    

မေကြီး ဒီကောင်မကို( သိမ်မွေ့) အိမ်ထဲကနေ အိမ်ပြင်မပြောနဲ့
အခန်းပြင်တောင်ပေးမထွက်နဲ့။
ဖုန်းတွေသိမ်း။
Laptopပါသိမ်း။
ဘယ်နှယ်ကွာ မိန်းကလေးချင်းရည်စားဖြစ်ရတယ်လို့။
နင်မရှက်ဘူးလား။
တောက်!!

လူလူချင်းချစ်မိတာအပြစ်လားဖေဖေ

အေးလူလူချင်းချစ်တာအပြစ်မဟုတ်ပေမယ့်
မိန်းမချင်းချစ်တာ အပြစ်ပဲ။
ငါတို့မျိုးရိုးထဲမှာလည်းမရှိခဲ့ဘူး
အခုလည်းမရှိရဘူး။
နောင်လည်းရှိလာဖို့စိတ်မကူးနဲ့။

ဖေဖေတို့ အယူအဆတွေသိပ်လွဲနေပြီ။
သမီးတို့ချစ်တာ အချစ်ပေါ်မှာ အချစ်နဲ့ ဖြူဖြူစင်စင်ပဲ ထားခဲ့တာ။ဘာအရောင်မှမပါဘူး ။
သူ့ကို သိပ်ချစ်တယ် ဖေဖေ။

တော်စမ်း နင်ဆက်ပြောရင် ငါတစ်ခုခုလုပ်မိလိမ့်မယ်သိမ်မွေ့။

သမီးရယ် ကိုယ့်အဖေကို အဲ့လိုမပြောရဘူးလေ ။
လာလာ အခန်းထဲ၀င်။

သိမ်မွေ့တစ်ယောက်လည်း အိမ်မှာ တိုက်ပွဲတစ်ထောင်ဆင်နွှဲနေရပါတော့တယ်။ မိုးသောက်နဲ့လည်း ဆက်သွယ်ဖို့ ဘာဆိုဘာမှမရှိ။လွမ်းတဲ့စိတ် ကို မျက်ရည်နဲ့အဖော်ပြုရုံမှတစ်ပါးအခြားမရှိ။
ဖေဖေရယ် လူငယ်တွေစိတ်ကို နားမလည်ပေးတာ သိပ်ရက်စက်တာပဲ။သမီးတို့အချစ်က အချစ်ကို အချစ်နဲ့ပဲထပ်တူကျတာ ဖေဖေနားလည်ပေးရင်သိပ်ကောင်းမှာပဲ လို့သိမ်မွေ့ ဆုတောင်းရုံမှတစ်ပါးလည်း မရှိပါ။သိမ်မွေ့မေမေကတော့ ဖေဖေ‌့လောက်မပြင်းထန်သော်လည်း မိုးသောက်နဲ့အဆက်ဖြတ်စေချင်တဲ့ပုံ။

သိမ်မွေ့ရူးသွားရင်ကောင်းမယ်။
ချစ်ကို ‌မချစ်မိအောင်လုပ်နိုင်တဲ့နှလုံးသားလည်းမရှိတော့
အရာရာ အဆင်မပြေဘူးချစ်ရယ်။
ချစ်ကော အဆင်ပြေရဲ့လား။
သည်းလိုပဲလွမ်းနေလား။
ချစ်နဲ့နီးဖို့ သည်းကြိုးစားမယ်။
မိဘတွေနားလည်အောင်လည်း ကြိုးစားမယ်။

အတွေးပေါင်းများစွာက သိမ်မွေ့ကို တုတ်နှောင်ထားပါတော့တယ်။

မဖြစ်ဘူး ချစ်နဲ့ဝေးလို့ကို မဖြစ်ဘူး။ငါဘယ်လိုလုပ်ရမလဲ
ဖေဖေက လည်း အခန်းထဲကပေးမထွက်ဘူး။
စဉ်းစားစမ်း'

ဘ၀အဆက်ဆက်Where stories live. Discover now