🤔🏥

2.1K 116 0
                                    


မိန်းကလေး ကို စိတ်၀င်စားမိတာ ကျမ အပြစ်ဖြစ်နေပြီလား
နှလုံးသားက သူ့ကိုပဲ သတိရ စွဲလန်းနေတာလား
သူကရော ကျမကြောင့်အနှောင့်ယှက်ဖြစ်မှာလား
အထင်ရောသေးသွားမလား

'အားးးးးးးး'
ဝေလွင် ဟုတ်တယ် ဝေလွင်ဆီကို သွားရမယ်'

ဝေလွင်ရေ ‌ငါပါဟ မိုးသောက်'

'ဝေလွင်မရှိဘူး'

'ဘာမရှိဘူးလည်း အကောင်လိုက် အထည်လိုက်ကြီး နင့်ပါးစပ်က ပြောပြီး ဗြောင်လိမ်လိုက်ပါအုံး'

'နင့်ကို မပြောချင်လို့ဟေ့ ဟိုနေကိစ္စကိုတင်းနေတာ'

ငယ်ချင်းလေးကလည်းဟယ် တောင်းပန်ပါတယ်
ငါရှင်းပြပါမယ်#@#&£

နင်တကယ် ငြိနေပြီလား သေချာရဲ့လား'

ငါကတော့သေချာတယ် သူလက်မခံပဲ အထင်သေးမှာလည်းကြောက်တယ် အသက်အရွယ်ကော တွေ့တာ မကြာသေးပဲ နဲ့ဘာကြီးလဲမသိဘူး ထင်ခံရမှာလည်းကြောက်တယ် ဟာ '

ဟဲ့ဒီခေတ်မှာ အဲ့လိုအတွဲလေးတွေလည်းအများကြီးပဲ
နင်သာ တကယ်ဆိုရင် ဖွင့်ပြောပေါ့ အနည်းဆုံး နင့်ရင်ပေါ့သွားတာပေါ့ သူ‌သိပြီးမှ သူ့အဆုံးဖြတ်ခံယူပေါ့ ။နင်ကတော့ အားလုံးတွက် ပြင်ဆင်သွား ။

အေးပါဟာ ငါပြန်တော့မယ်'
Good luckသူငယ်ချင်းရေ။

ခေါင်းငိုက်စိုက်အတွေးများစွာနဲ့ မိုးသောက်အိမ်ကို ပြန်လာခဲ့ပါတော့တယ်။

ဒီနေ့တော့သင်တန်းလည်းမရှိတာမို့ မိုးသောက်တစ်ယောက်
သိမ်မွေ့ကို သတိရတဲ့စိတ် တွေ့ချင်တဲ့စိတ်က လွှမ်းမိုးပြီးထိုင်မရ ထမရ နဲ့။ထမင်းစားပွဲလာလိုက် ထိုင်လိုက် စားပွဲကို လက်ကလေးနဲ့ ခေါက်လိုက် ခြေထောက်ကလည်း ဇတ်ဇတ်ဇတ် လှုပ်လိုက် ဒါပေမယ့်လည်း သတိရခြင်းက မပျောက် ။
ကလေးရယ် သတိရလိုက်တာ
ဘာတွေလုပ်နေမလဲ။
မိုးသောက်တစ်ယောက် တွေးရင်း မောရင်းနဲ့ အသက်ကို ပင့်သက်ရှုနေရတယ်။
'ဟူး လူတစ်ယောက်ကို ခိုးချစ်ရတာ မလွယ်ပါလား'
သင်တန်းရက် မြန်မြန်ရောက်ပါတော့'
မဖြစ်ဘူး မဖြစ်ဘူး စိတ်ကိုငြိမ်အောင်ထားစမ်း'
ဘယ်လိုမှ ငြိမ်အောင်ထားလို့မရတဲ့ ဂဏာမငြိမ် အမာစိန် ဖြစ်နေပြီ။ဘယ်လိုတောင်ညှို့လိုက်တာလည်းကလေးရေ'။
မိုးသောက်တစ်ယောက်တကယ်ကို အချစ်ရူးရူးမိနေပါပြီ။

ဘ၀အဆက်ဆက်Where stories live. Discover now