အနည်းငယ်🌚

2.2K 63 1
                                    


ဒီလိုနဲ့မိုးသောက် သိမ်မွေ့ရဲ့အိမ်ရှေ့ကို ၁၁:၀၀ နာရီထိုးဖို့ ၁၀ မိနစ်အလိုလောက်မှာထဲကရောက်နေခဲ့ပါတယ်။

အိမ်ထဲမှာတော့
'မပု ရေ ခြံတံခါးတွေသေချာ စစ်ပိတ်နော် ဟိုကလေး‌မကိုလည်း
သေချာစောင့်ကြည့်'
ဟုတ်ကဲ့ပါအန်ကယ်

အင်း အန်ကယ်တော့တက်သွားပြီ ခုနက နွားနို့ထဲအိပ်ဆေးထည့်ထားတော့ ခဏကြာရင် အန်ကယ်ရော အန်တီရော အိပ်သွားကြတော့မှာ သိမ်မွေ့ကို အဆင်သင့်ဖြစ်ပြီလား သွားကြည့်ရအုံးမယ်'

သိမ်မွေ့
ရှူး မပု အားလုံးအဆင်သင့်ပဲ
ချစ် စောင့်နေရတာကြာပြီလားမသိဘူး

၁၁တောင်ခွဲတော့မယ် '

အန်တီတို့အိပ်တာ စောင့်နေရလို့ပါ သိမ်မွေ့ရဲ့'

အခုရပြီလာတော့'

ခြံတံခါးလေးပွင့်လာတော့ အပျော်ရဆုံးက မိုးသောက်ပါပဲ။
ဝေလွင်နဲ့လည်း ချိတ်ဆက် ပြောပြီးသားမို့ ဝေလွင့် ကားနဲ့ပဲ ထွက်လာလိုက်ကြတယ်။

'မိုးသောက် ကမ ငါတို့ပြောထားတဲ့နေရာပဲလား '

'အေး နင်အဆင်ပြေတဲ့ဆီသာမောင်း '

ငါကတော့ သည်းနဲ့ဆို သေမယ်ဆိုရင်တောင်သေရဲတယ်'

ကြည့် ချစ်ပြောပြန်ပြီ မကြိုက်ပါဘူးဆို'

မပြောတော့ပါဘူးရှင် အနမ်းလေးပဲ ပေးပါတော့မယ်'

ဟေ့ဟေ့ တို့တွေရှိသေးတယ်နော်'

နင်က ကားပဲ ဂရုစိုက်မောင်းနောက်ကို မကြည့်နဲ့လေဟာ နော်နော်'

ချစ်သူနှစ်ဦးရဲ့အနမ်းမိုးတွေနဲ့ ကားလေးတစ်စီးက ရန်ကုန်မြို့ကြီးရဲ့အပြင်ဘက်ကို ထွက်ခဲ့ပါပြီ။
________#####_____________

နောက်မနက်မှာ မပု  ဒရမ်မာ ခင်းရပါပြီ ။ဒရောသောပါးပြေးလာပြီး
'အန်ကယ် အန်တီ ထပါအုံး
သိမ်မွေ့မရှိတော့ဘူး
ဒီစာပဲသူ့အခန်းထဲကတွေ့တယ်'

ဟာ တောက် ခွေးမ'
ပေးစမ်း ပေးစမ်း'

မထိပ်သာ မလန့်သာ မပုရယ်
ဖေကြီးစာဖတ်ပါအုံး'

ဖေဖေနဲ့မေမေသမီး ချစ်သူကိုမခွဲနိုင်လို့ သူ့နောက်လိုက်သွားပါပြီ သမီးမိုက်ကို ခွင့်လွှတ်ပါဆိုတဲ့ စကားနဲ့ မထိုက်တန်ပါဘူး
ခွင့်မလွှတ်ကြပါနဲ့
သမီးမိုက် သိမ်မွေ့သူ'

ဘ၀အဆက်ဆက်Where stories live. Discover now