🇰🇷✈️🇲🇲🥺

1K 52 0
                                    

ဒီနေ့တော့ဒုံဒေမွန်ဈေးမှာမိုးသောက်နဲ့ သိမ်မွေ့တို့ အလှအပဆိုင်ရာ brandတွေလိုက်ကြည့်ကြ ၀ယ်ကြစမ်းကြနဲ့ပျော်စရာကြီးပေါ့။
Holika holika,The face shop,Nature Republic,sk2,
Tony moly စတဲ့ဆိုင်တွေ၀င်ပတ်၀င်နှောက် ခဲ့ကြတယ်။
ကိုရီးယားရိုးရာ အထည်ဆိုင် ဟန်းဘုတ် (ရိုးရာ၀တ်စုံ)နဲ့ လက်မှုပစ္စည်းလေးတွေလည်း မွှေနှောက် လှန်လောပြီး ၀ယ်ကြတယ်။

နောက်ပြီး အစာပြေ shake shack ထဲ၀င်ပြီး ဘာကာ နဲ့ french fries ၊hot chocolate စုံနေတာပါပဲ ။ပျော်ရွှင်ကြည်နူးချစ်သူနှစ်ဦးပေါ့လေ ။ အချိန်တွေကုန်တာ မြန်တယ်လို့နှစ်ယောက်သား ထင်ကြတယ် Seoul tower လည်းရောက်ခဲ့ကြပြီးပြီမို့ အိမ်ပြန်လမ်းခွဲကြရတော့မယ်။

'ချစ် လာတွေ့နိုင်တဲ့ နှစ်ရက် ကုန်သွားပြီနော်။
သည်း တို့လည်း သန်ဘက်ခါ ပြန်ကြရတော့မယ်။
ဘယ်လိုပဲဖြစ်ဖြစ်ကျန်းမာရေး ဂရုစိုက်ပါ ချစ်ရယ်
ရာသီဥတု က အေးလာပြီ နော်။
သည်းပြန်သွားလည်း ချစ်ကို ဂရုစိုက်ပေးနေမှာပါ။

သည်းရယ် ချစ်အမြဲဂရုစိုက်နေမယ်။
သည်းလည်း ဂရုစိုက်
ဖေဖေ မေမေ တို့အလုပ်ကိုလည်းကူ
မောင်လေးကိုလည်း သေချာဂရုစိုက် ဦး။
ယောက်ဖလေးကိုပေါ့ ။

ဘာယောက်ဖလေးလဲ သူများမောင်လေးကို။

ဟုတ်တယ်လေ ယောက်ဖလေးမို့ ခေါ်တာပဲကို
ဟုတ်ဘူးလား

အမယ်သူ့ကို ဘယ်သူယူမယ်ပြောလို့လဲ။

ဒါဆိုအပျော်ကြံတာပေါ့။

ဟူးမိုးသောက်တို့ အပျော်ကြံတာခံရပြီဟေ့။'

မထိတထိစတော့ သိမ်မွေ့လက်ချောင်းလေးတွေက မိုးသောက်ဗိုက်ခေါက်ကို ရောက်ပြီးနေပြီ။

'အား နာတယ် မိန်းမ

ဘာ မိန်းမလဲ

သည်းက မိန်းမမို့လေ ယောကျားမှမဟုတ်တာ

ကြည့်စကားကို က အနှောင့်အသွားမလွတ်

ချစ်လို့စတာပါသည်းရယ် နော်
အခုဆို tower မှာ သော့လေးလည်း ခတ်ပြီးပြီဆိုတော့ တို့နှစ်ယောက် မခွဲဘူးဆိုတာ သက်သေတည်ကြဖို့ ဖြစ်လာပြီနော်။

ဘ၀အဆက်ဆက်Where stories live. Discover now