သွားရပြန်ပြီ ဆေးရုံ😟

1.2K 41 0
                                    

ကျွန်တော်တို့စစ်မေးတာ ကြည်ဖြူစွာ လက်ခံတဲ့အတွက်
ဒီက ညီမ နှစ်ယောက်ကိုလည်း ကျေးဇူးတင်ပါတယ်။

တရားခံကိုတော့ လက်နက်ကိုင်ဆောင်မှု
လူသတ်မှုကိုကျူးလွန်စေရန်အားထုတ်မှု
တွေနဲ့ စစ်ဆေးမေးမြန်းပြီး တရားစီရင်ဖို့
ဆက်လက်ဆောင်ရွက်သွားမှာပါ။

တရားရုံးမှာ လိုအပ်ခဲ့ရင်လည်း ကူညီဖို့တစ်ခါတည်းပြောလိုက်ပါရစေ။

ဟုတ်ကဲ့ ကျွန်မတို့ကူညီပါ့မယ်။

🚗
မ အိမ်ပဲ‌သွားမယ်နော်

(ထက် ပုံစံက ဖြူဖက်ဖြူရော် )
မ ကားမောင်းပေးပါလား

အင်း ထက် '

တူ တူ တူ  📱📱

ဟယ်လို မေမေ သမီးထက် ပါ ။
မေမေ ဖုန်းခေါ်ထားတာ missed callတွေ့လို့
ပြန်ဆက်လိုက်တာ'

ဘာမှ မဖြစ်ပါဘူးမေမေ
မ နဲ့ ညစာ စားရင်း ဖုန်းကို silentလုပ်မိတာ
ဖုန်း၀င်တာမသိဘူးဖြစ်သွားတာ '

ပြီးရော သမီး ဒီမှာ ဖေဖေကပါ စိတ်ပူနေတာလေ

Speakerဖွင့်ပေးပါ မေမေ'

ဖေကြီး သမီး ထက် ကို စိတ်မပူနဲ့ အရမ်းချစ်တယ်
ပြီးတော့ အခုနောက်ကျနေတော့ မ'အိမ်မှာပဲ အိပ်လိုက်မယ်နော်

အေးပါ အေးပါ ငါ့သမီးစိတ်ချမ်းသာရင်ပြီးရော ။

ဒါဆိုဖုန်းချမယ် မေမေ။

(အထက်ပါ ကိစ္စတွေကို ထက် က မိဘတွေကို အသိမပေးခဲ့ပါ။
သူမအတွက် အိမ်ကစိတ်ပူပန်တာမျိုးမဖြစ်စေချင်ခဲ့)

ထက် ကြည့်ရတာ တော်တော်ပင်‌ပန်းနေတဲ့ပုံ
မျက်လုံးစင်းပြီးကားထိုင်ခုံပေါ်မှီလိုက်လာပြီး သိမ်မွေ့ကိုတောင်စကားမပြောနိုင်တော့

ကလေး အဆင်ပြေရဲ့လား

အခုထိ လန့်နေသေးတာလား

ကြည့်အိပ်ပျော်သွားပြီ

အိမ်ရောက်မှပဲ နှိုးရတော့မှာပဲ။

🏠
ထက် ထက် ထတော့
အိမ်ရောက်ပြီ

ထက် ထက် ----------

ထက် ဘာဖြစ်တာလည်း မသိဘူး
မပုရေ လုပ်ပါအုံး

သိမ်မွေ့ ဗိုက်နားလေးစမ်းကြည့်မှ
လက်မှာ စိုစိစိ ခံစားမိတယ်

သွေး သွေးတွေ

ဒါက ဘယ်ကနေဘယ်လိုဖြစ်ရတာလဲ ။

စခန်းမှာရော ?

ဒါဒါဆို

Flash back

ဓားနဲ့၀င်ထိုးတော့ တစ်ပတ်လှည့်ရှောင်ရင်း ထိုးမိခဲ့တာ

ညအမှောင်နဲ့ ထက်က အမည်းရောင် အောက်ခံအကျီကိုမှ အမည်းရောင် leatherကုတ်နဲ့ဆိုတော့ သိမ်မွေ့သတိမထားမိခဲ့တာပေါ့

နောက်တော့ စခန်းမှာ စခန်းမှူးမေးသမျှ သူ့ဒဏ်ရာကို ဖိပြီးလက်လေးပိုက်ပြီး တစ်ခုမကျန်ဖြေခဲ့တာ သတိရသွားတယ် 

မဖြစ်ဘူး မဖြစ်ဘူး
ဆေးရုံသွားမှရမယ်'

မပု သိမ်မွေ့

အာယု ဆေးရုံသွားမယ် လိုအပ်တာ လုပ်

အိမ်တံခါးသေချာ ခတ်ပြီး နောက်က လိုက်ခဲ့ပါ
ထက်ကိုအချိန်မှီ ဆေးရုံခေါ်သွားမှ ရမယ်။

အင်း သိမ်မွေ့ ကားဂရုစိုက်မောင်းနော်
ရတယ်မပု
နောက်ကလိုက်ခဲ့နော် ။

အေးအေး

(ကလေးရယ် ဘာမှ မဖြစ်ပါစေနဲ့ )

ဘ၀အဆက်ဆက်Where stories live. Discover now