မဆိုသလောက် 🌚😁

2K 57 1
                                    

'မ အခန်းပေါ်တက်တော့မလား ထက်လိုက်ပို့မယ်

နိုး နိုး ထက် မ မတက်ချင်သေးဘူး
အခုအိမ်သာသွားချင်တယ် လိုက်ပို့ပေးနော်

မ ရဲ့ ဒယိန်းဒယိုင်နဲ့ ပြိုလဲနေသော ခန္ဓာကိုယ်ကို ထက် ဖက်ပြီးအိမ်သာကိုခေါ်သွားပါတယ် ။

သိမ်မွေ့ အိမ်သာလည်းရောက်ရော ထက် အင်္ကျီပေါ်  အန်ချလိုက်ပါတော့တယ်'

ဝေါ့ ဝေါ့
မ သတိထားအုံးလေ

မဖြစ်သေးပါဘူး အခန်းပြန်မှ ဖြစ်မယ်

သိမ်မွေ့ ကို ထက် အခန်းထဲ ခေါ်သွားပြီး မျက်နှာသစ်ပေးတော့ နည်းနည်းတော့သက်သာခါစ ပြုနေပါပြီ။

ဒါနဲ့ထက် လည်း မ အန်ချထားတဲ့ အပေါ်ယံ အ၀တ်ကို ချွတ်လိုက်တော့ အတွင်းက ချစ်စဖွယ် ရင်နှစ်မွှာက သိမ်မွေ့ကို ဆွဲဆောင်နေတယ်

အကျီကို ရေဆေး ဆပ်ပြာနဲ့လျှော်ပြီး လှမ်းမလို့လုပ်တုန်း

နောက်ကျော ဘက်ကနေ သိုင်းဖက်ပြီး ထက် ပုခုံးပေါ်ခေါင်းလေးမှီထားတဲ့ မ

ဘေစင် မှန်ထဲကနေ ကြည့်ရတာ သိပ် ချစ်ဖို့ကောင်းတာပဲ။
မက အသက်နဲ့မလိုက်အောင် နုပျိုလွန်းတယ်။

မ ဘာဖြစ်လို့ ထက်ကို ဖက်တာလဲဟင်'

မက မို‌းသောက်ကို ပဲ ချစ်ခဲ့တာမလား
ထက်ကိုရော ချစ်နိုင်လို့လား'

'ရှူး မ ရဲ့ကလေးလေး ဘာမှ မပြောနဲ့အုံး
မ ဒီလို လုံခြုံမှုမျိုး မရခဲ့တာကြာပြီ။
အမှန်တိုင်း၀န်ခံရရင် မင်းကို စတွေ့ထဲက ချစ် ၀င်စားတဲ့ ကိုယ်ပွားလေးမှန်းမသိခင်ထဲက စိတ်၀င်စားမိတာ
မ ၀န်ခံပါတယ်
မ ချစ် ကို အရမ်းချစ်သလို ကလေး ကိုလည်း မ  သိပ်ချစ်ပါတယ်။
မ နား ဘယ်လောက်ဝေးဝေးလာခဲ့ပေးလို့လည်း ကျေးဇူးတင်ပါတယ်ကလေးရယ်။ '

'မ တစ် ကယ်ပြောတာလား
ထက် ကို ဒါဆို ချစ်တယ် ပေါ့နော်
ယေး ဒါမှ ထက်ရဲ့ မ '

ပျော်နေတာကြည့်ပါအုံး ကလေးလေး

ကျမ ကလေးရဲ့ ပါးနှစ်ဖက်ကို ကိုင်ပြီး နှဖူးလေးကိုအနမ်းပေးလိုက်ပါတယ်။

ဘ၀အဆက်ဆက်Where stories live. Discover now