👿

918 43 0
                                    

Companyရောက်တိုင်း မယ်ခရဲ့ မျက်လုံးတွေကို ထက် သဘောမကျ

ဟိုလူ ဒီလူ လစ်မလား ချောင်းနေတဲ့ ပုံစံမျိုးလို့ပဲ မြင်နေတယ်

မ ကို သတိပေးထားပေမယ့်

လက်ပူး လက်ကြပ် မရှိသေးတော့ ထက် သက်သေပြလို့မရဘူးဖြစ်နေတယ်။

အခုလည်း မ အရေးကြီးဧည့်သည်တစ်ယောက်နဲ့ အပြင်သွား‌ေတွ့မယ်‌ေပြာတယ်။ထက်ကိုတောင်ဘယ်သူဆိုတာပြောမသွားခဲ့။မန်နေဂျာ မယ်ခကို ပဲ စောင့်ကြည့်ဖို့မှာခဲ့တာ။

အခုလည်း ဒင်းက မ စားပွဲကို ပဲ ချောင်းချောင်းကြည့်နေတာ။

အ ဟမ်း'
ထက် ချောင်းဟန့်မှ

ထက်ထက်လွင် ညီမလေး ချောင်ဆိုးနေလို့လား'
မမယ်ခ ဆီ ငုံဆေးလေးပါတယ်
ယူမလား'

ဟင့်အင်း မယူချင်ပါဘူး'

အော်ဒါနဲ့လေ မမ နဲ့ ညီမလေးက ချစ်သူတွေလား'

အမနဲ့ မဆိုင်ဘူးထင်တယ် (ဂျစ်ကန်ကန်နဲ့)

(မယ်ခ မျက်နှာတစ်ချက်ပျက်ပြီး ဟန်ဆောင်ပြုံးကာ)
အမ်း အဲ့လိုလည်းမဟုတ်ပါဘူး----
ဘာရယ်မဟုတ်မေးကြည့်တာပါ။
ညီမလေးမဖြေချင်ဘူးဆိုရပါတယ်။

ဒါပေမယ့်လေ မမ က ညီမလေးကို သိပ်အရေးပေးတာ
ပဲနော် '

အဲ့တော့'

သူ့ကိုယ်ရေးကိုယ်တာ အကြောင်းတွေပြောပြမှာပေါ့'

နည်းနည်းပေါ့'

ညီမလေးကို မမ သိမ်မွေ့က အရေးပေးအလုပ်တူလုပ်တော့
အားကျလို့ပါ'

(ဒီမိန်းမ တစ်ခုခု စကားနှိုက်တော့မယ်
ငါ လမ်းကြောင်းပြီး စုံစမ်းမှ)

အဲ့တာတော့လည်း ဟုတ်ပါတယ်'
မမယ်ခ လည်း မန်နေဂျာပါပဲ မမ က အားကိုးမှာပါ
ကြာလည်းကြာပြီမို့လား

မပြောတတ်ပါဘူး ညီမလေးရယ်
အခုတလော အမကိုဆို မမ က သိပ်လည်းမခိုင်းတော့ဘူး
ပြီးတော့ ဘာတွေစိတ်ခုနေလည်း‌မသိဘူး

ထိုစဉ်

ဝုန်း(တံခါးဆောင့်ပိတ်စဉ်)

မယ်ခ-အမလေး

ထက်-မ '

သိမ်မွေ့- မယ်ခ မင်းတော်တော် ယုတ်မာပြီး အောက်တန်းကျပါလား
ငါကတော့ မင်းကို ပြုစုပျိုးထောင်ခဲ့ရတာ
မင်းကတော့ ငါ့ကို ကျေးဇူးဆပ်လိုက်တယ်ပေါ့လေ

မယ်ခ- မမ ဘာတွေပြောနေတာလဲ

မယ်ခ တစ်ခုမှ မသိဘူး

သိမ်မွေ့ - ဘာအခုမှ မသိရတာလဲ companyက လက်ဦးမှုရ
ရမယ့် projectတွေ ဆွဲထားတဲ့ planတွေ companyအတွင်းရေးတွေ  အားလုံး သူများလက်ထဲရောက်ပြီး
ငါတို့ companyဆုံးရှုံးနစ်နာအောင် ပြိုင်ဘက်companyတွေကို နင် အချက်အလက်တွေခိုးထုတ်နေတာ ငါမသိလို့ ခံနေတယ်များထင်နေလား။သေချာချင်လို့ကို လွှတ်ပေးထားတာ

ဒီမှာ နင် နဲ့ အစောင့်နဲ့ပေါင်းကြံ ညဘက် companyကို ခိုး၀င်ပြီး dataတွေ စာရွက်စာတမ်းတွေ ယူတာ ဒီမှာ သက်သေတွေ
ကြည့် အဲ့မှာ

သိမ်မွေ့laptopဖွင့်ပြီး ထက်ကိုပါ ကြည့်စေခဲ့ပါတယ်။

CCTV ရုပ်မှတ်တမ်းမှာ အကျီအမည်းရောင် ခေါင်းစွပ်နဲ့လူက လာလာပြီး ဖိုင်တွေရှာ ရုံးcomputerတွေဖွင့် အချက်အလက်တွေကူးယူ ပုံတွေ ပါပါတယ်။ဘယ်သူမှန်းတော့မသိနိုင်ဘူး။

ဒါပေမယ့် ရုံးခန်းပြင်ပcctv fileတစ်ခုမှာ
companyက ထွက်တော့ CCTV နဲ့လွှတ်ပီထင်ပြီး ခေါင်းစွပ်ချွတ်လိုက်တဲ့ မယ်ခ
မိမိကိုယ်ကိုယ် ပြန်မြင်လိုက်ရတဲ့အခါ။

ဟာ---------

သိမ့်မွေ့ အရှေ့မှာ ဒူးလာထောက်ပြီး
မမ ------ မယ် ---- မယ်ခကို

ခွင့် ခွင့် လွှတ်ပါနော်

အဆင်မပြေမှုတွေ ကြုံလို့ကြံရာမရတဲ့အဆုံး မို့ဖြစ်သွားတာပါ။

နောက် နောက် မ မဖြစ်စေရပါဘူးနော် နော်။

'အချိန်တွေလွန်သွားပြီမယ်ခ
မင်းလုပ်ရက်အတွက်
ငါတို့ဆုံးရှုံးနစ်နာမှုတွေအတွက်
ငါ့၀န်ထမ်းတွေ ရဲ့ စာရိတ္တ အတွက်
ပြင်းပြင်းထန်ထန်အရေးယူရလိမ့်မယ်

ရဲအရာရှိကြီးများ သူ့ကို လိုအပ်သလိုသာ
စီမံလိုက်ပါတော့'

မမ မလုပ်ပါနဲ့
တောင်းပန်ပါတယ်။
(သွားပေအုံးတော့မယ်ခရေ ကိုယ့်မိုက်ပစ်နဲ့ကိုယ်မို့)
------####--------

ဘ၀အဆက်ဆက်Where stories live. Discover now