✈️🇰🇷

1.1K 53 0
                                    

ဒီနေ့က မိုးသောက် နိုင်ငံခြားမသွားခင် တစ်ပတ်အလို
အရာသီက ဆင်တုတ်ကွေးတွေဖြစ်နေချိန်မို့ မိုးသောက်လည်း
တုတ်ကွေးမိပြီး အပြင်းဖျား တစ်ကိုယ်လုံးကိုင်ရိုက်ထားသလို
မလှုပ်နိုင်ပဲရှိနေပါတယ်။ဒါပေမယ့် သိမ်မွေ့ကိုတော့ ပုံမှန်ဖျားနေသလိုမျိုးပဲ ပြောထားလိုက်တယ်။စိတ်ပူနေမှာစိုးလို့ ။
သိမ်မွေ့ကလည်း ဂရုစိုက်ရှာပါတယ် ။နောက်ရက် ကျတော့ သိမ်မွေ့မသကင်္ာတော့တာနဲ့ မိုးသောက်တို့အိမ်ကိုလိုက်သွားကြည့်တယ်။

တိန်း တောင်---

အော် သမီးပါလား လာ ၀င်
မိုးသောက်တစ်ယောက် ဆင်တုတ်ကွေးမိလို့သမီးရယ် ထတောင်မထနိုင်ဘူး အိပ်ရာထဲမှာ။
သမီးသွားကြည့်လိုက်ပါအုံး။'

ဟုတ်အန်တီ'

သိမ်မွေ့စိတ်တွေပူနေပါပြီ မကြာတော့မယ့်ကာလအတွင်း နိုင်ငံခြားကို တစ်‌ယောက်တည်းသွားရတော့မယ့်ချစ်သူ
ဒီလို ရောဂါဖြစ်တော့ စိတ်မပူတဲ့သူ ရှိပါ့မလား။သိမ်မွေ့ မိုးသောက်အခန်းထဲကိုရောက်တော့ မိုးသောက်အိပ်ရာပေါ်မှာပက်လက် မလှုပ်နိုင်ဘူး မျက်နှာလေးက နွမ်းနေတယ်။သိမ်မွေ့ကိုယ်ပူစမ်းကြည့်တော့လည်း အပူချိန်အတော်မြင့်နေသေးတယ်။

ချစ်ရယ် ဒီလောက်ဖြစ်နေတာကို ကလေးကို ရိုးရိုးဖျားတဲ့ပုံစံနဲ့
Msgပို့တယ်။ ချစ်ဖုန်းမဆက်တော့ တော်တော်ဖျားနေလို့ဖြစ်မယ်ဆိုပြီးလိုက်လာတာ။အခုတော့ ထင်တာထက်ကို ဆိုးနေပါလား။

မိုးသောက် ရသလောက် အားတင်းပြီး စကားကို တတ်နိုင်သလောက် ပြောရှာတယ်။

ကလေး စိတ် ပူ မှာ စိုးလို့။

အဲ့လို မပြောလို့မပြီးဘူးလေချစ်ရယ်။

ချစ်အမြန်ဆုံးသက်သာရမယ်နော်။
ဒါမှ နေကောင်းတာနဲ့ခရီးထွက်ရမှာ။

မိုး‌ေသာက်ခေါင်းငြိမ့်ပြတယ်။
သိမ်မွေ့က လွယ်လာတဲ့ အိပ်ကလေးကို ကျောနောက်ကနေ အရှေ့ကို ပို့ပြီး စာအိပ်လေး နဲ့ စာ ၅ စောင်ကို ထုတ်လိုက်တယ်

ဒီမှာ ချစ်အတွက် စီစဉ်ထားတာ။
ချစ်ကသွားရင် ၅ လ ကြာမှာပြီးတော့ ဒီဇင်ဘာအစလောက်မှာ ပြန်လာမှာဆိုတော့ စာ၅စောင်။တစ်လကိုမှ တစ်စောင်ပဲ ဖတ်ရမှာနော်။ကလေး ကြိုတင်ပြီးတော့ ခံစားပြီး ချစ်လိုအပ်မယ်ထင်တာတွေ ချစ်ကိုမှာစရာတွေကို ရေးထားတယ်။
စာတွေရဲ့ အပေါ်မှာလည်း လ‌လေးတွေအစဉ်လိုက်ရေးပေးထားတယ် ချစ်ယူသွားရမယ်နော်။

ဘ၀အဆက်ဆက်Where stories live. Discover now