😯

900 45 0
                                    

ခ ကိုယ့်ကို ချစ်လား
ချစ်တယ်လေ

ချစ်လို့လဲ ကိုယ်လိုတယ်ဆိုလို့
ခ ဖန်တီးပေးခဲ့သေးတယ်လေ

အခုလည်း ကိုယ်ဘောလုံးပွဲလက်လွန်ထားတာ
ခ သိတယ်မလား
မြန်မြန်လေး လုပ်ပါ ခရယ်

မဟုတ်ရင် ကိုယ့် ကို ဟိုကောင်တွေကိုင်မှာ

ခ လည်း မမ လေး အလစ်ကို လုပ်ပြီး
ဟိုဘက်ကို သတင်းရောင်းရမှာ
ကိုယ်ထင်သလောက်မလွယ်ဘူး

ခုတောင် မမလေး ရိပ်မိနေလား မသိဘူး

ဟာ ----
ငါဘာမှ မသိဘူး
နင် ငါလိုတာ ရှာပေးမလား မပေးဘူးလား

ခ ခ ရှာပေးပါမယ်
ဒါကြောင့်ခကို ချစ်နေရတာ

ခုတော့ကိုယ်တို့
ပျော်လိုက်ကြရအောင်

အား ကိုယ်နော် ဇွတ်-----$+##+

ဒါတွေက ခပ်ညံ့ညံ့ တည်းခိုခန်းတစ်ခုအတွင်း က အခြေအနေ တွေပေါ့။

----------#########------------

မ ဒီနေ့ ရုံးတစ်ရက်ပိတ်တာ ထက်အတွက်
တစ်ကမ္ဘာလိုပဲ မနဲ့တွေ့ချင်တယ်'

Msg လေး မဆီပို့လိုက်တယ်

ချက်ချင်းပဲသိမ်မွေ့က ထက်ဆီ ဖုန်းဆက်လိုက်တယ်။

ဟယ်လို ကလေး

ဟုတ် မ

ကလေး ဘယ်သွားချင်လို့လဲ

သွားချင်တာထက် မ ကို တွေ့ချင်တယ်

စကားတွေပြောချင်တယ် အော်ပြီးတော့

Companyက မယ်ခ အခြေအနေကိုလည်း မနဲ့တိုင်ပင်ချင်တာလည်းပါတာပေါ့။

အိမ်ကိုရော ပြောထားရဲ့လား
ကလေး ရဲ့ မေမေ
ဝေလွင်က မကို စိတ်ဆိုးနေအုံးမယ်

သူ့သမီးကို မ က ဖျားယောင်းပါတယ်ဆိုပြီး'

ဟာမ က လည်း မေမေက အဲ့လိုမဟုတ်ပါဘူး

မနဲ့အကြောင်းတောင်ပြောထားပြီးပြီ

အဲ့လယ်

သူကရော ?

မိုးသောက် ဘ၀ကနဲ့တောင် မတို့အတွက် သူကိုယ်တိုင် သဘောတူခဲ့တာပါတဲ့။

အခု မိုးသောက်၀င်စားတဲ့ သူ့သမီးထက်ထက်လွင်ကိုလည်း
သမီးသဘောကျရင် ပြီးတာပါပဲတဲ့။

ဟုတ်ပါပြီ

သူငယ်ချင်းယောက်ခမ က သဘောတူမှတော့လည်း
မ က သူ့သမီးကို ကလေး ထိန်းရတော့မှာပေါ့လေ ။

ဟာ မ က လည်း လုပ်ပြန်ပြီ'

မ ကို ဘယ်မှာ တွေ့ရမလဲပြော

အိမ်ပဲလာလိုက်လေ
အေးဆေးတွေ့ တိုင်ပင်လို့ရတာပေါ့

မပု ကို ကလေး ကြိုက်တာ ချက်ထားခိုင်းလိုက်မယ်
Ok မ ချစ်တယ် ထက်လာခဲ့မယ်။

မ ရေ မ တံခါးဖွင့်ပါအုံး'

ဟဲ့သောက်ပလုတ်တုတ်

ခုပဲဖုန်းမချရသေးဘူးလေ။

ဟီး မ ကို စချင်လို့

ရောက်နေတာ ကြာပြီ 😁'

မ လာဖွင့်ပေးမယ် ခဏ

ကျွီ ဂလောက် (တံခါးဖွင့်သံ)

ကဲ၀င် တော်မူပါရှင်။

လူကို နောက်စရာများ ထင်နေလား'
(ခေါင်းလေးကို လက်သီးလေးနဲ့ထုလိုက်ပါတယ်)

ဟီး ချစ်လို့ ချစ်လို့ '

လာခြံထဲအရင်ထိုင်'

ဟုတ် မ'

မ မယ်ခ အကြောင်း ထက် စုံစမ်း မိတယ်။

အင်းပြောပါအုံး

သူက အိမ်ထောင်တစ်ခါ ပျက်ဖူးတယ် ။
ကလေးတော့မရှိဘူး
ကွဲသွားတာကလည်း နောက်မီးလင်းတဲ့ကိစ္စလို့သိရတယ်။

ပြီးတော့မှ မ ဆီကို အပျိုဆိုပြီး လာလျှောက်ပုံရတယ်။

အခုလည်း ဆေးဘဲ တစ်ဗွေနဲ့တွဲနေတယ်။

နေပါအုံး ကလေး က ဘယ်လိုသိ?

မ အတွက် လိုအပ်မယ်ထင်လို့ daddy ရုံးက စိတ်ချရတဲ့လူယုံကို လွှတ်ပြီးစုံစမ်းခိုင်းထားတာပေါ့ ။

ဒါမျိုးကြတော့ သိပ်တော်သွားပြန်ပြီ မရဲ့ ကလေးက။

ထက် ချစ်တာကော မတော် ဘူးလား မ?😬😘
နှုတ်ခမ်းလေးဆူပြတယ်

ဟိတ်ကလေး မပုရှိတယ် ။

ဒါဆို မရှိတဲ့ နေရာသွားမယ်လေ မ။

အမ် စောစောစီးစီး မှောင်နေတယ် ဒီကလေး။

မနဲ့မို့ပါ။

မုန့်ပဲစားရမယ် လာကြွ အိမ်ပေါ်ကို။

ဘ၀အဆက်ဆက်Where stories live. Discover now