Part(7)

2.1K 84 2
                                    

✧ အချစ်...ဦး ✧

✧Part(7)✧

မေမေ့ရက်လည်ပြီးတဲ့နောက် ထက်ထက်ကျောင်းပြန်တက်ဖြစ်သည်။ တက္ကသိုလ်မှာ ရင်းနှီးတဲ့သူငယ်ချင်းဆို၍ လျှံမင်းဝေနဲ့ နှောင်းနှောင်ကြိုးဆိုတဲ့ နှစ်ယောက်သာရှိသည်။ လျှံနဲ့က မူလတန်းကတည်းက အတူတက်လာတာဖြစ်ပြီး နှောင်းနဲ့က ဆယ်တန်းမှတွေ့ကြတာဖြစ်သည်။

"ထက်ထက်ရယ်နှမြောလိုက်တာ တစ်ကယ်ပဲ "

မေမေ့ရက်လည်အပြီး ပထမဆုံးကျောင်းတက်ရက်မှာပဲ နှောင်းက နှမြောတသမျက်လုံးများဖြင့်ပြောလာသည်။

အင်းလေ ထက်ထက်ကလည်းအခုမှကျောင်းပြန်တက်ဖြစ်တာကိုး။

"ဘာကိုလဲ "

"နင်လက်ထပ်တာကိုပေါ့... VVIPကချောပေမဲ့ အသက်ကြီးနေပြီလေ "

"ခွန်းက ငါ့ထက် (12)နှစ်ကျော်ပဲကြီးတာ...ယှဉ်ရပ်ရင် ငါးနှစ်လောက်ပဲကြီးတယ်ထင်ရတာနော်..."

"အမလေး သူ့လူကို...ငါမြင်ဖူးပါတယ် "

ထက်ထက်က ခွန်းအကြောင်းပြောလွန်းလို့ နှောင်းတို့တစ်ကယ်နားညီးနေလောက်မှာ။ အခု ဓာတ်ပုံလည်းပြလွန်းလို့ အတော်လေးကိုမှတ်မိနေလောက်ပြီ။

"ဘာပဲဖြစ်ဖြစ် နင်က အခုမှ (18)နှစ်လေ...ဘယ်လိုပဲကြည့်ကြည့် ကလေးရုပ်ကို နှမြောတယ်..."

"ငါလည်းထောက်ခံတယ်..."

တစ်ချိန်လုံးငြိမ်နေခဲ့သည့် လျှံက ဝင်ပြောလာသည်။ ထက်ထက်မျက်စောင်းထိုးပြီး အံကြိတ်ပြတော့ မသိသလိုနဲ့ ဟိုကြည့်ဒီကြည့်။

ဒါပေမဲ့လည်း ထက်ထက်ကိုနှမြောတယ်လို့ပြောတဲ့သူရှိတော့ ပျော်ရွှင်ရသည်။

"ငါနဲ့ခွန်းက တစ်ကယ်ကိုမလိုက်ဖက်တာ အသက်ကြောင့်လား...ငါ့ပုံစံက အရမ်းကလေးပုံစံပေါက်နေတာလား "

ထက်ထက်က ဒီနေ့ဝတ်လာတဲ့ မီးခိုးရောင်ဂျယ်လီသားဝမ်းဆက်ကိုငုံ့ကြည့်ရင်း ‌တွေတွေလေးတွေးကာမေးလာသည်။

"ငါတို့က အဲ့လိုဆိုလိုတာမဟုတ်ပါဘူး "

လျှံကဖြေရှင်းချက်ထုတ်လာသည်။

အချစ်...ဦး/အခ်စ္...ဦးWhere stories live. Discover now