Part(29)

2.4K 84 2
                                    

✧ အချစ်...ဦး ✧

✧Part(29)✧

ခွန်း အလောတကြီး အိမ်ကထွက်လာရင်း လင်းရိပ်ကိုဖုန်းခေါ်သည်။ သို့သော် ခေါ်မရ။ စက်ပိတ်ထားသည်လို့သာပြောနေသည်။ ထို့ကြောင့် သူပိုပြီးစိုးရိမ်သွားရသည်။

သူမှားတာ။ ထက်ထက်နဲ့နီနီကိုပဲဘေးကင်းရင်ရပြီလို့တွေးမိတာ။ အမှန်ဆို မြတ်အတွက်ပါတွေးပေးရမှာ။

လင်းရိပ်ကိုခေါ်နေရာမှ သူ့အတွင်းရေးမှူးဆီဖုန်းဆက်လိုက်သည်။

"ဟဲလို ဒုဥက္ကဌ..."

"ငါ့ကို စာချုပ်တစ်စောင်ပြင်‌ထားပေးပါ...ပြီးတော့ အခုချက်ချင်း လျှံမင်းဝေရဲ့ဖုန်းနံပါတ်ကိုပို့ပေး...နောက် ငါ အသံဖိုင်တစ်ခုပို့လိုက်မယ် ဒါကို သက်သေအဖြစ်ယူထား..."

"ဟုတ်ကဲ့ပါ ဒုဥက္ကဌ..."

သူဖုန်းချပြီး စက္ကန့်ပိုင်းအတွင်း လျှံရဲ့‌ဖုန်းနံပါတ်ရောက်လာသည်။ သူချက်ချင်းဖုန်းခေါ်လိုက်သည်။

"ဟဲလို "

"ဟဲလို လျှံမင်းဝေ "

"ဘယ်သူပါလဲ "

"ရှင်ခွန်း"

"ဦးခွန်း!..."

တစ်ဖက်မှလျှံရဲ့အလန့်တကြားအသံကိုကြားလိုက်ရသည်။

"ခွန်းက နင့်ကိုဘာလို့ဆက်တာလဲ"

တစ်ဆက်တည်း မြတ်အသံကိုပါကြားလိုက်ရ၏။

"ကျွီ..."

"မြတ်!..."

"ဟဲလို အေး ခွန်း ဘာဖြစ်လို့လဲ "

"နင်အဆင်ပြေလား "

"အင်း ပြေပါတယ် နီနီလည်းရှိတယ် ငါတို့ခဏနေ လေဆိပ်ကိုထွက်လာတော့မှာ...နင်တို့ရောက်နေပြီလား ထက်ထက်ကိုရောခေါ်လို့ရလား "

ထက်ထက်...သူ့ခေါင်းကို မိုးကြိုးပြစ်ချလိုက်သည့်နှယ်။

"လင်းရိပ်ကရော "

"လင်းရိပ်က အခုထိမထသေးဘူး မနေ့က လူနာတွေနဲ့သူအလုပ်ရှုပ်နေလို့ "

"မြတ် ငါအခုဖုန်းချလိုက်တော့မယ် ထက်ထက်အန္တရာယ်ရှိနေပြီလို့ထင်တယ် "

အချစ်...ဦး/အခ်စ္...ဦးWhere stories live. Discover now