Part(8)

2.1K 76 0
                                    

✧ အချစ်...ဦး ✧

✧Part(8)✧

ကျောင်းပိတ်ရက်တိုင်း ထက်ထက်အိမ်ကိုပြန်သည်။ ဘွားဘွားကလည်း အရင်ကလောက် လေသံမမာတော့ဘဲ ကောင်းကောင်းမွန်မွန်ဆက်ဆံပြောဆို‌နေပြီဖြစ်သည်။

သီသီကတော့ ထက်ထက်ကိုလုံးဝစိတ်နာသွားပုံပင်။ စကားအကောင်းမပြောဘဲ နေရာတိုင်းမှာ လိုက်ပြီးတိုက်ခိုက်နေသလို။

တစ်ခါတစ်လေ ခွန်းလိုက်လာလေ့ရှိပေမဲ့ တစ်ခါတစ်လေကျ မအားတော့ မလိုက်လာရ။ ထိုနေ့မျိုးဆို သီသီက အရမ်း‌ဆိုးသည်။ အရင်လိုမျိုးအိန္ဒြေရှင်ပုံစံမဟုတ်တော့ဘဲ စကားပြောတာကအစ ကြမ်းတမ်းလာသည်။

ထက်ထက်နားလည်ပါသည်။ အမှားကို ထက်ထက်လုပ်ခဲ့တာပဲ။

"ထက်ထက်..."

"ဟင် "

မေမေ့အခန်းထဲမှာ ဝင်ပြီး အလွမ်းဖြေနေစဉ်မှာ သီသီရောက်လာပြီး ထက်ထက်နာမည်ကို ခေါ်သည်။

"ငါနဲ့ခဏလိုက်ခဲ့ "

"ဘယ်ကိုလဲသီသီ "

"ဂိုထောင်ဘက်ကို နင့်အမေအဝတ်တွေအဲ့ဘက်မှာ...ကောင်းတာတွေကို လှူရအောင်လို့ "

"ဟုတ်ကဲ့ "

မေမေနဲ့ပတ်သတ်တာဖြစ်၍ ထက်ထက်မငြင်းတော့ဘဲ လိုက်လာခဲ့သည်။  ပြဿနာမရှာရင်ပဲ အကောင်းလို့သတ်မှတ်ရမည်။

ဂိုထောင်ဟောင်းမှာ မေမေ့ရဲ့ပစ္စည်းတွေစုပုံထားတာမြင်တော့ ဝမ်းနည်းလာသည်။ သေတာနဲ့ချက်ချင်း ဒီလိုရွှေ့ပစ်စရာလိုလို့လား။ ချွေးမရာထူးဆိုပေမဲ့ အားလုံးကို သည်းခံပြီး တည့်အောင်ပေါင်းခဲ့တာပဲ။

"ဘယ်လိုလဲ နင့်အမေကို ပြန်လွမ်းလာပြီမဟုတ်လား...တစ်ဆက်တည်း နင့်ကြောင့်သေတာရော မြင်လာတယ်မလား "

သီသီစကားကထိသည်။ ထက်ထက်ကြောင့် မေမေသေတာကိုပါ အမှတ်ရနေအောင် ပြောပေးနေသလို။

"ထက်ထက်အမေက ထက်ထက်ကိုနားလည်တယ် မေမေဘာကြောင့် ဒီလိုလုပ်လဲဆိုတာ နားမလည်ပေမဲ့ အဲ့လိုဖြစ်အောင် တစ်ယောက်ယောက်ကစကားနဲ့ ထိုးနှက်တာလဲ ပါမှာပဲ ဟိုတယ်က ပြန်တုန်းကတောင် မေမေအဲ့လောက်ထိ ‌စိတ်မဆင်းရဲဘူး "

အချစ်...ဦး/အခ်စ္...ဦးWhere stories live. Discover now