Part(18)

2.1K 93 2
                                    

✧ အချစ်...ဦး ✧

✧Part(18)✧

ကလေးကိစ္စနဲ့ ထက်ထက်တို့ကြားမှာရှိတဲ့ အဖုအထစ်တစ်ချို့သည် အချိန်တစ်ခုထိယူဆောင်လာပေး၏။ အရင်လိုစကားကို သေချာမပြောဖြစ်ဘဲ လိုအပ်မှသာပြောဖြစ်ကြသည်။

အလုပ်သင်ကာလမဟုတ်ဘဲ ကျောင်းတက်နေရသဖြင့် ခွန်းနဲ့ပိုပြီးဝေးကွာသွားရသည်။ အိပ်ချိန်မတူတော့သလို တစ်ခါတစ်လေ ခွန်းကအလုပ်ကိုညလုံးပေါက်လုပ်၍ ‌ဘယ်အချိန်အိပ်တယ်ဆိုတာမသိ။ မနက်နိုးလာရင် ဘေးနားက အေးစက်စက်အထိအတွေ့ကိုသာ ခံစားရသည်။

ခွန်းကိုချစ်သည်။ ခွန်းကထက်ထက်အတွက်အရာရာ။ သို့သော် ယခုကိစ္စတွင်တော့ ကိုယ့်ဘက်ကစပြီး မချော့ချင်။

ထက်ထက်က သူ့အတွက်တွေးပေးတာကို သူကမမြင်ဘူး။

"မမလေး ထမင်းစားတော့မလား "

"ဟင့်အင်း ကျောင်းမှာပဲစားတော့မယ် "

ခွန်းနဲ့ကတောက်ကဆဖြစ်ကတည်းက မနက်စာမစားဖြစ်။ ကျောင်းရောက်မှသာစားဖြစ်သည်။

"ဦးခွန်းနဲ့စကားများခဲ့တာလား မျက်နှာက ပုတ်သိုးနေတာပဲ "

ထက်ထက်ပုံစံကပဲ သိသာလွန်းနေတာလား။ နှောင်းကတောင် မေးလာပြီဖြစ်၏။

"ဟင့်အင်း ငါတို့ကဒီလောက်ချစ်တာ စကားများစရာလား "

"လင်နဲ့မယား လျှာနဲ့သွားတဲ့ ဘာဖြစ်လဲမသိပေမဲ့ ဒီတစ်ခါတော့ နင့်ဘက်ကလျှော့ပေးလိုက်ပါဦး"

"အမြဲတမ်း ငါကပဲလျှော့ပေးခဲ့တာနော်!..."

နှောင်း‌အပြောကို ထက်ထက်က ခပ်စွာစွာပြန်ဖြေသည်။

"ဟင်းး...မသိရင် အမှန်ထင်နေမယ်...နင်ကသာ ဦးခွန်းကိုချစ်တယ်ချစ်တယ်နဲ့ နင့်ဘက်ကချည်း အနိုင်ယူခဲ့တာကိုများ...နင်ဘယ်တုန်းက လျှော့ပေးဖူးလို့လဲ ဦးခွန်းဘက်ကချည်း လျှော့ပေးခဲ့ရတာ..."

နှောင်းပြောတာလည်းဟုတ်သည်။ ထက်ထက်ကချည်းအနိုင်ယူခဲ့တာဖြစ်သည်။ ခွန်း ထက်ထက်ကို ဂရုစိုက်လေ ထက်ထက်ဆိုးချင်လေဖြစ်သည်။ ခွန်းကသာ ထက်ထက်အရွဲ့တိုက်ဆိုးသမျှကို သည်းခံနေသူဖြစ်၏။

အချစ်...ဦး/အခ်စ္...ဦးWhere stories live. Discover now