Part(30)

2.6K 86 0
                                    

✧ အချစ်...ဦး ✧

✧Part(30)✧

ထက်ထက်သတိရပြီဆိုတော့ အိမ်ကလူတွေအကုန်လုံးကဝမ်းသာနေကြသည်။ သို့သော် မှတ်ဉာဏ်ပျောက်နေတယ်လို့သိကြရတော့ ထပ်ပြီးစိတ်မကောင်းဖြစ်ရပြန်သည်။

ထို့အပြင် ထက်ထက်ကကိုယ်ဝန်ဆောင်ဖြစ်တာကြောင့် စစ်ဆေးမှုတွေဆက်တိုက်လုပ်ရသည်။ ကာယကံရှင်က ကိုယ်ဝန်ရှိတာကိုလည်း သတိရပုံမပေါ်။ထို့ကြောင့် ဆရာဝန်က ပြောပြရသည်။

လန့်သွားတဲ့ပုံမပေါ်ပေမဲ့ ယောက်ျားရှိတယ်ဆိုတာသိပြီးတော့ ကလေးရှိနိုင်တယ်ဆိုတာ ‌ကြို‌သိထားပုံရသည်။ ခေါင်းတငြိမ့်ငြိမ့်နဲ့ဆရာဝန်ပြောတာတွေကို နားထောင်၏။

ထက်ထက် ကုတင်ပေါ်မှာလဲနေတာ နှစ်လနဲ့သုံးပတ်။ ကိုယ်ဝန်က ဆယ့်လေးပတ်(လေးလနဲ့နှစ်ပတ်)ရှိပြီဖြစ်သည်။ ကိုယ်ဝန်ဆောင်သည်က လမ်းများများလျှောက်ပေးရပေမဲ့ ထက်ထက်ကတော့ ငါးလပြည့်မှ စပြီးလျှောက်လို့ရမှာဖြစ်သည်။ ကလေးတစ်ခုခုမထိခိုက်‌ပါစေနဲ့လို့သာဆုတောင်းရမည်။

အန်ကယ်ထိပ်က ထက်ထက်သတိရပြီဆိုတာနှင့် စင်ကာပူကိုထပ်ရောက်လာသည်။ သူနဲ့အတူဂျူးဂျူးပါ ပါလာ၏။

သို့သော်ထက်ထက်သည် အကုန်လုံးကိုမသိပါ။ မျက်လုံးပြူးလေးနဲ့ ဘယ်သူလဲဆိုပြီးလိုက်စပ်စုတတ်သည်။ စိမ်းသက်မှုတော့မရှိပေ။

အားလုံးထဲမှာတော့ ဂျူးဂျူးနဲ့အတော်ခင်သည်။ သက်တူရွယ်တူမို့ စကားပြောရလွယ်သည်ထင်ကာ ဂျူးဂျူးကိုပဲမျှော်နေတတ်သည်။

"ဂျူးဂျူး "

"ဟင် "

"ငါအပြင်ထွက်ချင်တယ် ငါ့ကိုအပြင်ခေါ်သွားပါလား "

ဆေးရုံရဲ့(၃၄)ထပ်ကနေ ‌အပြင်ဘက်ကိုလက်ညိုးထိုးပြရင်း တောင်းဆိုလာသည်။

"နင်က ခွဲစိတ်ထားရတာ ဒါကြောင့် လမ်းလျှောက်လို့မရသေးဘူး ဆရာဝန်တွေက ပျောက်ပြီလို့ပြောမှ ခေါ်သွားပေးမယ် "

ဂျူးဂျူးထိုသို့ပြောတော့ ထက်ထက်မျက်နှာညိုးကျသွား၏။ ပြီတော့ စကားအဆက်အစပ်မရှိထပြောလာသည်က...

အချစ်...ဦး/အခ်စ္...ဦးWhere stories live. Discover now