Part(23)

1.9K 80 2
                                    

✧ အချစ်...ဦး ✧

✧Part(23)✧

ထက်ထက်က ငိုထားသည့်အရှိ‌န်ကြောင့် နှစ်ခြိုက်စွာအိပ်ပျော်နေလေပြီ။ သူကတော့ မအိပ်နိုင်သေးဘဲ အတွေးလွန်နေဆဲ။ နောက်ဆုံး သော့ခတ်ထားတဲ့ အံဆွဲကိုဖွင့်ကာ စာချုပ်တစ်ခုကိုယူလိုက်၏။

"ကွာရှင်းစာချုပ် "

အစ်မသဇင်ထက်ရဲ့ဆန္ဒကိုသိကတည်းက ဒီစာချုပ်ကိုသူပြင်ထားခဲ့တာ။ အဲ့တုန်းကတော့ ထက်ထက်ကို လွှတ်ပေးလိုက်ရလည်းဘာမှမဖြစ်ဘူးလို့တွေးထားတာ။

သူ့နှလုံးသားတံခါးကို ဖွင့်လိုက်ပြီဖြစ်၍ အရာအားလုံးနဲ့ဆန့်ကျင်မည်။

"တောင်းပန်ပါတယ် အစ်မ...ကျွန်တော် ထက်ထက်ကိုမစွန့်လွှတ်ပေးနိုင်ဘူး "

စာချုပ်ကို ဖျက်စက်ထဲထည့်လိုက်၏။ ဒါဆို ထက်ထက် ဒါတွေသိစရာအကြောင်းမရှိဘူး။
ထို့နောက် ဖုန်းဖွင့်ကာ...

"ဒန်နီရယ် သီတာနှင်းနဲ့ပတ်သတ်တဲ့ ဖိုင်မှန်သမျှ ကျွန်တော့်မေးလ်ထဲပို့ပေးပါ ပြီးတော့ အရင်နေ့က CCTVမှတ်တမ်းကိုရော "

သူ သီသီကို သတိပေးထားလို့သာ အခုတလောငြိမ်နေတာ။ ဒါတောင် အရင်‌တလောက ထက်ထက်ကားတိုက်မိမလိုဖြစ်တာ သီသီကိုပဲထင်မိသေးသည်။ သေချာစုံစမ်းကြည့်မှ မဟုတ်ကြောင်းသိရတာ။

ထက်ထက်မှာ ရန်သူများလာပြီ။ သူဒီထက်ပိုပြီးကာကွယ်ပေးမှရမည်။

ထို‌ညက တစ်ညလုံး အိပ်လို့မရခဲ့။

✿✿~✿✿~✿✿~✿✿~✿✿~✿✿~✿✿~✿✿

မနက်ပိုင်း ထက်ထက်မျက်လုံးဖွင့်တော့ ခွန်းကိုအရင်ဆုံးမြင်လိုက်ရသည်။ အနွေးထွေးဆုံးရင်ခွင်မှာ နိုးထခွင့်ရတာ ထက်ထက်ဘယ်လောက်များကံကောင်းလိုက်သလဲ။

ဒီနေ့က ထက်ထက်တို့လက်ထပ်တဲ့တစ်နှစ်ပြည့်။  ခွန်းကမှတ်မိမလားမသိပေမဲ့ ထက်ထက်ကတော့ မှတ်မိနေသည်။ ဒီလိုနေ့မျိုးမှာဆို နှစ်ယောက်တည်းဒိတ်သင့်တာမလား။

"နိုးပြီလား "

ခွန်းမျက်နှာကို ငေးကြည့်‌နေစဉ်မှာ ခွန်းမျက်လုံးတွေပွင့်လာသည်။ သူမပြုံးပြလိုက်ရင်း...

အချစ်...ဦး/အခ်စ္...ဦးWhere stories live. Discover now