Part(9)

2K 113 1
                                    

✧ အချစ်...ဦး ✧

✧Part(9)✧

ဒီနေ့က ခွန်းရဲ့မွေးနေ့။ ထို့ကြောင့် ထက်ထက်စာသင်တာကို လုံးဝစိတ်မပါပေ။ ညနေကျရင် ခွန်းကိုဘယ်လိုပျော်အောင်လုပ်ပေးရမလဲဆိုတာပဲ တွေးနေမိတာ ဆရာမဆူတဲ့အထိ။

"နင်ဘာတွေအတွေးလွန်နေတာလဲ ထက်ထက်"

"ဒီနေ့ ဦးခွန်းမွေးနေ့လေ...အာ့ကြောင့် ပျော်ပြီး စာမသင်နိုင်တာ "

"ဟယ် "

လျှံရဲ့အမေးကို နှောင်းအံ့ဩခြင်းဖြင့်သာ အဆုံးသတ်ခဲ့ရသည်။ ထက်ထက်ကတော့ ဆရာမထွက်သွားသည်နှင့် နှုတ်တောင်မဆက်အားဘဲ အပြေးထွက်သွားသည်။

‌ထက်ထက်ကျောင်းကပြန်ရောက်သည်နှင့် ပူဖောင်းမှုတ်သည်။ ဘေးကနွေးနွေးက မှုတ်ကူတာတောင် နှစ်နာရီလောက်အချိန်ကုန်သည်။ တော်သေးသည်။ ကျောင်းလစ်ခဲ့လို့ မဟုတ်ရင် ခွန်းပြန်လာချိန်နဲ့မှီမှာမဟုတ်။

"မမလေး အစ်ကိုလေးက မွေးနေ့ကို မေ့နေတယ်ထင်တယ် "

"အင်း ဟုတ်မှာပေါ့ ခါတိုင်းဆို ထက်ထက်က မနက်အစော ခွန်းကိုပြေးတွေ့ပြီးပြောနေကျ...ဒီနှစ်မှ အခုလို ညနေခင်းဘက်မှာ စပရိုက်တိုက်မလို့ "

"မမလေးက အစ်ကိုလေးကိုအရမ်းချစ်တာပဲနော်"

"အင်း ချစ်တယ်...ထက်ထက်ဘဝမှာ မိသားစုကလွဲရင် အချစ်ရဆုံးသူစိမ်းပဲ "

"အစ်ကိုလေးကံကောင်းတာပေါ့ "

"မနွေး အစ်ကိုလေးက ဒါကို တွေးမိပုံမပေါ်ဘူး တစ်ချိန်လုံး ထက်ထက်ကိုငြင်းနေတာ "

အငြင်းခံရပေမဲ့ ပြုံးနေသေးတဲ့မမလေး။ ထိုအပြုံးမှာတောင် အချစ်ရိပ်တွေပါမှန်း နွေးနွေးသိသည်။

"မေတ္တာဆိုတာ ရောင်ပြန်ဟပ်တယ်မမလေးရဲ့ ဒီလိုပဲ မမလေးအချစ်ကလည်း ရောင်ပြန်ဟပ်မှာပါ "

နွေးနွေး မမလေးကို ဒီလိုပဲ အားပေးနိုင်ပါသည်။ တစ်ကယ်ဆို အစ်ကိုလေးကိုက ‌နှလုံးသားမရှိတာပါ။

✿✿~✿✿~✿✿~✿✿~✿✿~✿✿~✿✿~✿✿

"Happy birthdayခွန်း..."

အိမ်ထဲဝင်ဝင်ချင်းတွေ့လိုက်ရတာက ရွှေရောင်လက်နေသော စာတန်းလေး။ ထက်ထက်က သူ့မွေးနေ့ကို မမေ့ခဲ့ဘူး။

အချစ်...ဦး/အခ်စ္...ဦးWhere stories live. Discover now