Part(26)

2.1K 83 12
                                    

✧ အချစ်...ဦး ✧

✧Part(26)✧

ညဘက်(၈)နာရီ။

"ဒုန်း!..."

နီနီ့ခန္ဓာကိုယ်လေထဲသို့မြှောက်တက်သွားသည်။
ဘယ်သူက တရားခံလဲဆိုတာ သူမတန်းသိသည်။ ဒါမျိုးလုပ်ရက်သူက သူကလွဲပြီးဘယ်သူများရှိသေးလို့လဲ။

"ဘုတ်..."

"ကျွီ...."

သူမ ကားကိုသာ မမိတ်မသုန်စိုက်ကြည့်နေမိ၏။ ထွက်လာသူက သူမထင်ထားသလို သီတာနှင်းဖြစ်နေသည်။

ကယ်.ကြ.ပါ.ဦး...

ပါးစပ်က ပြောနေပေမဲ့ စကားလုံးက ထွက်မလာခဲ့။ သီတာနှင်းအနားကိုရောက်လာပြီး သူမကို သေချာကြည့်သည်။

"ဟင့်!..."

အားယူကာ သီတာနှင်းကိုလှမ်းဆွဲသည်။ သို့သော် အင်္ကျီကိုသာဆွဲမိ၏။

ထိုအချိန် အနည်းငယ်အလှမ်းဝေးသည့် လမ်းမမှမီးရောင်သဲ့သဲ့။

"မမလေး အမြန်သွားရအောင် "

ဘေးနားက ‌တစ်ယောက်က သတိပေးမှ သီတာနှင်းအင်္ကျီကို အတင်းဆွဲကာ ကားပေါ်အမြန်တက်ပြီး ထွက်သွား၏။

ဒါကိုပဲ သူမမမှိတ်မသုန်လိုက်ကြည့်နေမိသည်။

✿✿~✿✿~✿✿~✿✿~✿✿~✿✿~✿✿~✿✿

"လူနာက အသက်မရှိတော့ပါဘူး "

ထက်ထက်ခန္ခာကိုယ်လဲကျ၏။ ဘေးနားကခွန်း ထိန်းလိုက်၍ ရင်ခွင်ထဲသာလဲကျသည်။

"မဖြစ်နိုင်တာ..."

မြတ်ရဲ့အသံကအရင်ဆုံးထွက်လာသည်။
လင်းရိပ်ကလည်းစိတ်မကောင်းသလို မျက်နှာလွှဲသွား၏။

"ကလေး!..."

နောက်ဆုံး ခွန်းရဲ့အလန့်တကြားနဲ့အော်ခေါ်သံ။
ထက်ထက်ကတော့ဘာဆိုဘာမှမသိတော့ပါ။
ပြန်နိုးလာတော့ ဆေးရုံပေါ်မှာ။

"ကလေး သတိရလာပြီလား "

"နီနီရောဟင် ခွန်း!...ထက်ထက်အိမ်မက်ထဲမှာ နီနီကသေသွားပြီတဲ့ "

ချက်ချင်းထထိုင်ကာ သူ့ကိုမော့ကြည့်ပြီး မေးလာသည့်‌ပုံစံလေးက သူ့ရင်ကိုနာကျင်စေသည်။ သူ သူမမျက်နှာလေးကို ဖွဖွထိကိုင်လိုက်ပြီး...

အချစ်...ဦး/အခ်စ္...ဦးWhere stories live. Discover now