Part(13)

2.1K 93 2
                                    

✧ အချစ်...ဦး ✧

✧Part(13)✧

"ခွန်း!..."

ထက်ထက်အသံကြောင့် ခွန်းက‌မော့ကြည့်လာသည်။ ထက်ထက်ပုံစံက အမြဲတမ်းတက်ကြွနေသည့်ပုံစံဆိုပေမဲ့ အခုက ပိုမိုတက်ကြွနေသည်။
ခွန်းရဲ့မျက်နှာကတော့ ထက်ထက်နဲ့ဆန့်ကျင်ဘက်ဖြစ်နေလေသည်။

"ဘာဖြစ်တာလဲ!..."

"ဒီမှာ ရေသွားကူးရအောင်..."

"အလုပ်ချိန်မှာ တခြားအကြောင်းမပြောနဲ့ "

"နာရီကိုလည်းကြည့်ပါဦးခွန်းရဲ့...အလုပ်ချိန်ကို တစ်မိနစ်ကျော်နေပါပြီ..."

ထက်ထက်ပြရာကြည့်လိုက်တော့ ငါးနာရီကို တစ်မိနစ်စွန်းနေ၏။ သူတို့ကုမ္ပဏီက အလုပ်ဆင်းချိန်ကို ငါးနာရီသတ်မှတ်တာဖြစ်သည်။ အိမ်ဝေးကလာရတဲ့သူတွေအတွက် ပြန်ရအဆင်ပြေအောင် လျှော့ပေးထားခြင်းဖြစ်သည်။

"ကိုယ် ဖိုင်တွေစစ်တာမပြီးသေးဘူး..."

"ခွန်းကလည်း လုပ်ပါ...ထက်ထက်တို့ရေကူးသွားရအောင် နော်!...အခုမှ Love Signက ဟိုတယ်အသစ်ဖွင့်ထားတာလေ ရေကူးကန်က viewကောင်းတယ်တဲ့ "

"ထက်ထက်..."

"ခွန်းကလည်း "

ထက်ထက်သနားစရာပုံစံနဲ့အတင်းဆွဲခေါ်မှ လိုက်ခဲ့သည်။ ထက်ထက်အကျင့်ကိုသိနေတာလည်းပါမှာပေါ့။

ဟိုတယ်ထိအတင်းခေါ်လာကာ VIPအခန်းတစ်ခန်းကို ဘိုကင်ယူပြီး ရေကူးကန်ကိုပါ ငှားပစ်လိုက်သည်။

ခွန်းက ရေကန်ထဲမှာ စိမ်နေပေမဲ့ မျက်နှာက ခက်ထန်နေဆဲ။ ထက်ထက်ခြေတောက်လေးပဲစိမ်နေရာမှ ရေကန်ထဲဆင်းကာ ခွန်းကိုဆွဲချပြစ်သည်။

"ဗွမ်း!..."

"ရေကူးလိုက်ပါဆို ခွန်းကလည်း...ဒါမှ စိတ်ညစ်တာတွေအကုန်ရေထဲပါသွားမှာ!..."

ခွန်းကရေကြိုက်သည်။ တစ်ခါတစ်ခါရေချိုးရင်တောင် အကြာကြီး။ စိတ်ညစ်စရာရှိရင်လည်း ရေကူးတာမျိုး၊ရေစိမ်တာမျိုးလုပ်သည်။ ထက်ထက်က ဒါကိုသိသည်မို့ တမင်ခေါ်လာ‌ခဲ့တာဖြစ်သည်။

"အင်း!..."

ခွန်းက ပြောပြီး ရေကူးနေပြီမို့ထက်ထက်စိတ်သက်သာရာရသွားသည်။ သူမ ကန်ဘောင်ပေါ်ကို အမြန်တက်ချင်နေပြီဖြစ်သည်။ သူမရေကြောက်တာသူမပဲသိသည်။

အချစ်...ဦး/အခ်စ္...ဦးWhere stories live. Discover now