Part(16)

2.3K 83 0
                                    

✧ အချစ်...ဦး ✧

✧Part(16)✧

"ငိုချင်ရင် ငိုချလို့ရတယ် ကိုယ့်ရင်ခွင်က မင်းမှီခိုဖို့ပေးထားတာ!..."

ခွန်းစကားကြောင့် ထက်ထက် ခွန်းကို မော့ကြည့်မိသည်။ ထွက်နေတဲ့သတင်းကိုအမှုမထားဘဲ ထက်ထက်ဘက်ကနေပေးတာ။

"ဒါကမင်းအမှားမဟုတ်ဘူး ဒါကြောင့်စိတ်ထဲထားစရာမလိုဘူး မင်းရဲ့ရည်မှန်းချက်အတိုင်းပဲ ရှင်သန်!..."

ထက်ထက်နားလည်လိုက်ပြီ။ ထက်ထက်စိတ်ကိုနားလည်နိုင်ဆုံးက ခွန်းပဲဆိုတာကိုပေါ့။

"မင်းမမှားဘူးထင်ရင် ရှေ့ဆက်တိုးပါ "

ခွန်းရင်ခွင်ထဲကို တိုးဝင်မိသည်။ အခုကျ အားအင်တွေကဘယ်ဆီကရောက်လာသည်မသိ။ ခွန်းကိုဖက်ထားတာ တင်းကြပ်နေလို့ရယ်။

"အရူးမလေး အဆင်ပြေရဲ့လာတော့ ပြောပါဦးကွာ..."

"အင်းပြေတယ်! တခြားသူတွေဘယ်လိုထင်ထင် ခွန်းတစ်ယောက်ပဲ ထက်ထက်ကိုယုံပေးရင်ရပြီ"

"ကိုယ်ကဘာလို့မယုံရမှာလဲ "

"မသိဘူး ဒီအကြောင်းဖတ်မိတော့ အရင်ဆုံးစဉ်းစားမိတာ ခွန်းကိုပဲ ခွန်း‌လည်းအစက ထက်ထက်ကိုအဲ့လိုထင်နေခဲ့တာမလား အဒေါ်ရဲ့ခင်ပွန်းလောင်းကို လုယူပြီး မျက်နှာပြောင်တိုက်ခဲ့တာလေ ဒါကြောင့် ထက်ထက်တစ်ယောက်တည်းဖြစ်သွားမှာကို ကြောက်နေတာ ခွန်းကပါ ထက်ထက်ဘက်ကမရှိတော့မှာကြောက်နေတာ "

အစပိုင်းမှာ ခွန်းပြောခဲ့တဲ့စကားအတွက် ထက်ထက်ကြောက်နေခဲ့တာဖြစ်သည်။

"မဟုတ်ဘူးနော် ကိုယ်ကအမြဲတမ်းမင်းဘက်ကပဲ...လက်ထပ်ပွဲကို ပြောင်းလဲခဲ့တဲ့ မင်းကိုဘယ်တုန်းကမှ အပြစ်မမြင်ခဲ့ဘူး...အကယ်၍ လက်ထပ်ပွဲကိုပြောင်းလဲခဲ့တဲ့သူက တခြားသူဆိုရင် ကိုယ်ဘယ်လိုမှလက်ခံမှာမဟုတ်ဘူး ကိုယ်သာအရင်ကအတိုင်း သီသီနဲ့ပဲလက်ထပ်ခဲ့ရရင်တောင် ဒီလိုအိမ်ထောင်ရေးခိုင်မြဲဖို့အတွက် ကိုယ်ကြိုးစားမှာမဟုတ်ဘူး ခံစားချက်မရှိတဲ့သူလိုဖြစ်သွားမှာ ဒါကြောင့် ပြောင်းလဲပြစ်တဲ့သူက မင်းတစ်ယောက်တည်းမဟုတ်ဘူးလို့ဆိုလိုတာ"

အချစ်...ဦး/အခ်စ္...ဦးWhere stories live. Discover now