Part(22)

2K 83 0
                                    

✧ အချစ်...ဦး ✧

✧Part(22)✧

မြန်မာစံတော်ချိန် ည(၈)နာရီ...

သာမန်လူတန်းစားတို့နေရာ ရပ်ကွက်တစ်ခု၌ မိန်းမငယ်လေးတစ်ယောက်သည် ရုပ်ဖျက်ပြီး ရှေ့ကြည့်နောက်ကြည့်ကြည့်ကာ လာနေ၏။ ထိုစဉ် သူမရှေ့မှ လူတစ်ယောက်ထွက်ပေါ်လာသည်။

"မနှင်းဆီနီနီ!..."

"လူမှားနေတယ် "

ထိုမိန်းကလေးသည် မျက်စိမျက်နှာပျက်စွာငြင်းပယ်ပြီး ထွက်ခွါဖို့ပြင်သည်။ သို့သော် ထိုလူက လက်ကိုလှမ်းဆွဲကာ ထွက်သွားခွင့်မပြု။ ထိုလူသည် လျှံမင်းဝေဖြစ်လေသည်။

"ကျွန်တော်က ခင်ဗျားကိုရန်ပြုမဲ့သူမဟုတ်ပါဘူး ကျွန်တော်နဲ့ခဏလောက်လိုက်ခဲ့မလား ကျွန်တော့်နာမည်က လျှံမင်းဝေပါ...တီမြတ်လေးနွေရဲ့တူ!..."

နီနီတစ်ခဏတွေဝေသွားသည်။ သူ့ကို သူမသိသည်။ မြတ်ရဲ့တူ။ ထက်ထက်ရဲ့ဘေးမှာ မကြာခဏမြင်ဖူးတယ်။

"သွားရအောင် ခင်ဗျားကိုရှာနေတဲ့သူတွေကသိပ်များတယ် "

လျှံက ‌ငြိမ်သွားသည့် တီမြတ်သူငယ်ချင်းဆိုသူကို ခေါ်ခဲ့တော့၏။

"အခု ငါ့အိမ်ကိုပဲသွားရအောင် "

"ဟုတ်ကဲ့ အခု ခင်ဗျားရဲ့အိမ်ကိုသွားနေတာပါ..."

လျှံကထိုသို့ဆိုလျှင်...

"မင်းက ငါ့အိမ်ကိုသိတယ် "

"ခင်ဗျားအိမ်ကိုမသိဘူး ခရမ်းရောင်အိမ်ကိုပဲသိတာ "

"ခရမ်းရဲ့သူငယ်ချင်းလား "

"ဆိုပါတော့ "

သူမဘာမှမမေးလာတော့ လျှံလည်းတိတ်နေလိုက်၏။ မကြာသေးခင်က ထက်ထက်ကသူ့ကိုအကူအညီတောင်းခဲ့သည်။ နှင်းဆီနီနီအ‌ကြောင်းသိချင်တယ်ဟုဆိုကာ ဓာတ်ပုံကြီးထိုးပေးလာ၏။ ဦးခွန်းလိုအင်အားကြီးတဲ့သူတောင် ရှာမတွေ့နိုင်လောက်သည်အထိ အပုန်းကောင်းသည့် နှင်းဆီနီနီအကြောင်းကိုသူ,မသိနိုင်။ စုံစမ်းတာကလည်း မယ်မယ်မယ်ရရသိလာတာမဟုတ်။ တီမြတ်ကိုအတင်းမေးပြီး သတင်းနှိုက်ရတာ။

ကံကောင်းချင်တော့ တစ်နေ့က ခရမ်းရောင်နဲ့တွေ့ဖြစ်သည်။ အရင်တစ်ခါကိစ္စအတွက် တောင်းပန်သင့်သည်ထင်၍ ခရမ်းရောင်အလုပ်လုပ်တဲ့‌နေရာထိသွားကာ လိပ်စာတောင်းပြီးလိုက်ခဲ့ရာမှ ရှာတွေ့ခြင်းဖြစ်သည်။

အချစ်...ဦး/အခ်စ္...ဦးWhere stories live. Discover now