Story 1

8.1K 253 4
                                    

Unicode
................

မီးရောင်ပြိုးပြိုးပြိုက်နဲ့ တောက်ပနေသော နေရာတစ်ခု.... ထိုနေရာမှာ အမျိုးသားကော၊ အမျိုးသမီးကော စိတ်ထွက်ပေါက်ရှာရာနေရာဆိုလည်း မမှားပေ။

အသက်အရွယ်မရွေး၊ ကျားမ မရွေး ဝင်ထွက်သွားလာရာ နေရာ၊ ထိုလူများစုဝေးရာနေရာတွင် အမျိုးသမီး တစ်စု၏ လျှပ်ပေါ်လောလီအဝတ်အစားဖြင့် အမျိုးသားတစ်စုကို မြူဆွယ်နေသည်။

ထိုသူတွေကတော့ မိမိ၏ဘဝကို ထိုနေရာမျိုးမှာ နစ်ကာ မြုပ်ထားကြသူများ..... ရှင်းရှင်းပြောရရင် ပြည့်တန်ဆာပုံစံပေါ့။ ထိုနေရာက ကလပ်လို့မဆိုထားတဲ့ ကလပ်တစ်ခုပါ။

ဘာလို့ ပြည့်တန်ဆာရှိလည်းဆို ကလပ်ဆိုတဲ့နေရာမျိုးက အများသူဌာ ဝင်ထွက်သွားလာနေကြလိုနေရာမျိုးပေါ့။ ဘယ်လောက်ပင် သန့်တယ်ဆိုနေပါစေ.... ကိုယ်မသိတဲ့ သူတွေထဲမှာ ပါလာကောင်းပါလာနိုင်တာပဲလေ။

ထိုလူတွေအုပ်စုထဲမှာမှ ကျွန်တော် မုန်းစေသူလည်း အပါအဝင်ပေါ့။
ဘယ်အုပ်စုထဲမှာပါလဲဆိုတော့ သေချာတာတော့ သူဌေးတွေအုပ်စုတော့မဟုတ်ဘူး။ သူဌေးတွေနဲ့ တူတူပျော်ပါးရတဲ့ အပျော်မယားအုပ်စုထဲကတစ်ယောက်ပေါ့။

'' ကလေး.... ကိုကြီးတို့သွားရအောင်... ကိုကြီး မစောင့်နိုင်တော့ဘူး''

''ဟွန်း..... ကိုကြီးကလည်း....''

''ဟောဗျာ.... မင်းလေးရဲ့ နှုတ်ခမ်းတွေကို လည်း စားချင်တယ်..တကိုယ်လုံးကိုလည်းစားချင်လာပီ... လာပါ...နှစ်ဆပေးမယ် ဟုတ်ပီလား''

''ဟွန်း...ပီးရော..ဒါပေမဲ့ နမ်းတော့မနမ်းရဘူး.... ကျွန်တော့် စည်းကမ်းချက်မှာပါတယ်နော် ကိုကြီး''

''ဟားဟား... ကောင်းပီ ကောင်းပီ''

'' ဒါ့ကြောင့် ကိုကြီးပဲ အားကိုးနေရတာ''

ဟု ကပ်ချွဲရင်း ထိုလူခေါ်ရာနောက်ကို လိုက်ပါသွားလေသည်။

မလိုက်ချင်လည်းမရပါ... ငွေရတယ်လေ.... နောက်နေ့ ငွေမရလာရင် မေမေလေးတွေက သိတဲ့အတိုင်း အာကြမ်းလျှာကြမ်းတွေ။ ဆူငေါက်ခံရမှာ နားငြီးမတတ်လေ။

အမုန်းဝဋ်ကြွေး(အမုန်းဝဋ်ကြွေး) CompletedWhere stories live. Discover now