Story 26

2.8K 131 7
                                    

Unicode
................

''ဒါဆို မုန်းစေ ပြန်လွှတ်လာပီပေါ့''

''ဟုတ်တယ်... ပီးတော့ သူက ဦးဇေယျာတို့နဲ့လည်းပတ်သတ်နေပုံရတယ် သမီး''

'' ဖြစ်လောက်တယ်။ သူ့ကိုယ်သူ ဇေယျာရဲရင့် ဆိုပီးမိတ်ဆက်ပေးသေးတယ် ''

''ဒါဆို သူတို့က တစ်ယောက်တည်းလို့ဆိုလိုတာလား''

'' ဒီကိစ္စ သားကိုမသိစေနဲ့ဦး.. သူခု မမှတ်မိနိုင်ပေမဲ့ တစ်ချိန်ကျ မှတ်မိလို့ရှိရင် အဲ့ကောင်လေး သားအနားမကပ်နိုင်အောင်လုပ်ရမယ်။ သမီးကော သားနဲ့ ပြန်အဆင်ပြေပီလား''

''မပြေသေးဘူး... ကို က သမီးကိုရှောင်နေသေးတယ်''

'' အင်း... သမီးတို့ အမြန်ဆုံး အဆင်ပြေအောင်နေရမယ်။ ပီးတော့ မင်းတို့ နှစ်ယောက်မှာ ကလေးရှိနေဖို့လိုတယ်.... ဒါမှအဲ့ကောင်လေး အနားပြန်ကပ်လို့မရမှာ ''

''သမီးကြိုးစားကြည့်ပါ့မယ် ''

'' ဒါနဲ့ သမီး မာမီ အစာအဆိပ်သင့်တုန်းက ဘယ်သူလုပ်တာလဲ သမီးသိတယ်ဆို''

'' ဟမ်....မေမေ့ ကို ဘယ်သူပြောတာလဲ''

''ဘယ်သူရှိရမှာလဲ အဲ့ကောင်လေးပဲပေါ့''

''မေမေ က သူပြောတာယုံလို့လား''

''မယုံပါဘူး... ''

''သူက စကားကိုလျှောက်ပြောနေတာ သူလုပ်ထားတာကို သူများအပြစ်ပုံချချင်နေတာ မေမေရဲ့.... မေမေမယုံတာကောင်းတယ်။ သူဘာပြောပြောမယုံမိစေနဲ့ ကျန်တာ သင်းတာဝန်ထားလိုက်''

''ကောင်းပီ''

သူတို့ပြောစကားကို တစ်ဖက်ကကောင်လေးကြားပီး မဲ့ပြုံးပြုံးလိုက်သည်။ သူ့နားမှာတပ်ထားတဲ့ နာကျပ်လေးကိုဖြုတ်ကာ တစ်ခုခုရေရွတ်လိုက်သည်။

*ဟက်.. ခဗျားတို့က ကစားချင်နေတာလား.... လုပ်ပေးရမှာပေါ့*

မုန်းစေ..... နေရောင်တို့ ကုမ္ပဏီ ဆီရောက်နေသည်။ အကြောင်းကတော့ သူတို့စာချုပ်သက်တမ်းမပြည့်သေးတာကြောင့်ပင်။

'' ရဲရင့် လာလေ.... ဘာကိစ္စရှိလို့လဲ''

'' ကိစ္စကတော့ ရှိမှလာရမှာလားဗျာ.. ဒီတိုင်းခဗျားနဲ့ နေ့လည်စာ စားချင်လို့''

အမုန်းဝဋ်ကြွေး(အမုန်းဝဋ်ကြွေး) CompletedWhere stories live. Discover now