Story 4

3K 154 0
                                    

Unicode
.................

မုန်းစေ ထိုနေ့ညကစ၍ မွေးစားမိခင် စပ်ပေးတဲ့ အလုပ်တွေကိုပြစ်ပြစ်ခါခါငြင်းဆိုကာ ဆန့်ကျင်ခဲ့သည်။

သူဒီအလုပ်ကို လုံးဝမလုပ်ချင်တော့ပါ။ လုပ်ရတာလည်း စိတ်မပါတော့။ သူများအသုံးတော်ခံဘဝကို တကယ်ပင် စိတ်ကုန်လာခဲ့ပီလေ။

သူ့ဘဝသက်တမ်း တစ်လျှောက်အကုန်လုံး တွေ့ခဲ့ ဆက်ဆံခဲ့တဲ့ သူတွေက သူ့ကို လိုသုံးလိုပဲ ဆက်ဆံခဲ့တာလေ။ မုန်းစေက ခုမှ အချစ်နဲ့တွေ့ခဲ့တာလေ။ ဘဝမတူ၊ အဆင့်အတန်းချင်း မတူပေမဲ့ပေါ့။

ဒီအငြင်းကိစ္စနဲ့ ပတ်သတ်ပီး မွေးစားမိခင်က လက်မခံပဲ သူ့အားဆူပူကာ နေအိမ် အကျယ်ချုပ်ထားသည်။ သူ့အခန်းကိုလည်း မွှေရှာခဲ့ကာ သူ့စုဆောင်းထားတဲ့ ငွေအချို့ကိုလည်း ပြန်သိမ်းသွားခဲ့သည်။

ခုဆို သူအိမ်ထဲက အပြင်လည်းမထွက်ရပဲ အိမ်တွင်းမှာပဲ အိမ်ဖော်ထက်ဆိုးတဲ့ အစေခံသာသာ အလုပ်ကို လုပ်ပေးနေရသည်။ မွေးစားမိခင်က မထင်ရင် မထင်သလို ရိုက်နှက်တတ်သေးသည်။

ခုဆို ကိုကိုနဲ့ မတွေ့ခဲ့တာ တစ်လကျော် နှစ်လလောက်ပင် ရှိတော့မယ်။ သူလည်း ကိုကို့ကို လွမ်းမိသည်။ လွမ်းလည်း ကိုကိုကတော့ သူ့ကို လွမ်းမိမယ်မထင်။ ကိုကို့ကို တွေ့ချင်ရင် သူ့ကုတ်အင်္ကျီလေးကို ထုတ်ကြည့်ရတာအမော။

ခုလည်း သူအိမ်မှာ ပန်းကန်ဆေးနေတုန်း ခေါင်းတွေမူးလာကာ မိုက်ခနဲ ဖြစ်သွားရသည်။ ပီးတော့ ရင်ထဲမှာလည်း နေလို့ထိုင်လို့မကောင်း အန်ချင်သလိုလို ဖြစ်နေသည်။

'' အွတ်... အွန့်'' ( ပျို့တက်တဲ့ပုံစံ မရေးတတ်လို့ 😂)

အန်ချင်လာတာကြောင့် ဆေးလက်စပန်းကန်ကို ခဏချကာ အိမ်သာပြေးရသေးတယ်။ အန်တယ်တာဆိုတာ အစာမထွက်ပဲ လေတွေပဲ ပျို့တက်နေတာဖြစ်သည်။

'' ဘာဖြစ်လို့ ရုတ်တရတ် အန်ချင်နေရတာလဲ...အွတ်.... ...အဟွတ်ဟွတ် ''

ခဏလောက် အန်ပီးမှ မနည်းထကာ သူ့အခန်းထဲမှာ ခဏနားဖို့ သွားလိုက်သည်။ ခဏကြာတော့ အိပ်ပျော်သွားကာ အချိန်တွေဘယ်လောက်ကုန်သွားမှန်းမသိလိုက်ပေ။

အမုန်းဝဋ်ကြွေး(အမုန်းဝဋ်ကြွေး) CompletedWhere stories live. Discover now