Story 34

3.1K 133 0
                                    

Unicode
.................

မုန်းစေ နိုးထလာပီးနောက်ပိုင်း နေရောင့်အား စိမ်းစိမ်းကားကားဆက်ဆံခဲ့တယ်။ သူ့ဘဝမှာ မှားယွင်းသော ရွေးခြယ်မှုဖြစ်ခဲ့တယ်လို့ယုံကြည့်ခဲ့တယ်။ သူ စိတ်ပိုင်းဖြတ်ထားခဲ့တယ်။ ဒီယောကျ်ားအတွက်ကြောင့် သူ့ဘဝပျက်ဆီးတော့မလိုတောင်ဖြစ်ခဲ့ရတာလေ။

သူ့ငယ်စဥ်ဘဝသက်တမ်းတစ်လျှောက် သူများရဲ့လက်ပါးစေအောက်မှာ ထားရာနေ၊စေရာသွားနေထိုင်ခဲ့ရတာ။ နေရောင်နဲ့တွေ့တော့ သူ့ဘဝကိုပြောင်းလဲပြစ်နိုင်လောက်မည်ဟု ယုံကြည်နေခဲ့မိတာ.... သို့ပေမဲ့ သူမှားယွင်းသွားခဲ့တယ်... ဒီအမျိုးသားက သူ့အပေါ် မချစ်ခဲ့။ သူကိုယ်တိုင် သီးခံခဲ့တယ်... နေရောင့်အလိုကိုလိုက်ခဲ့တယ်။

ဒါပေမဲ့လည်းပြန်ရလိုက်တာက အေးစက်စက်အရာတွေပဲ။ ခုလည်း ထိုအမျိုးသားနဲ့ပတ်သတ်ပီး သူအပါအဝင် သမီးတွေပါ ဒုက္ခရောက်ခဲ့ရပီလေ။

'' သား​လေး ရဲနောင်... သက်သာရဲ့လား''

''ဟုတ်... သက်သာပါတယ်... မေမေ''

''အင်း... ဟိုအမျိုးသမီးကို စီရင်ချက်ချခဲ့ပီးပီ''

မုန်းစေ အဲ့မိန်းမအသံကြားတာနဲ့ ဒေါသတို့အလိပ်လိုက်ထွက်ရသည်။

''သူ့ဘဝနဲ့သူလားရာသွားပါပီ... ''

''ကျွန်တော်တော့ ဒီထက်ပိုဘဝပျက်စေချင်တာ''

'' အဲ့ကိစ္စဆိုမပူပါနဲ့ ဒယ်ဒီကြိုးစားပေးမယ်... ခုတော့ ဘာမှမစဥ်းစားနဲ့တော့ ကောင်းကောင်းအနားယူ''

မုန်းစေ ခေါင်းငြိမ့်လိုက်ကာ မှိန်းနေလိုက်သည်။ ဦးဇေယျာတို့လည်း သူတို့သားလေးကိုကြည့်ပီး စိတ်မကောင်းဖြစ်ကြရသည်။

'ဒေါက်...ဒေါက်'

တံခါးခေါက်သံနဲ့အတူ နေရောင်ဝင်လာခဲ့သည်။ မုန်းစေ တံခါးဖွင့်ရာဘက်ကိုကြည့်လိုက်တော့ သူမမြင်ချင်ခဲ့တဲ့မျက်နှာ။

''ခဗျား... ဘာလာလုပ်တာလဲ!!!"

"မုန်း.... ကိုယ်..''

''မခေါ်နဲ့.... ခဗျားပါးစပ်က အဲ့ထွက်ကျလာတဲ့ နာမည်ကို ကျွန်တော် အရမ်းမုန်းတယ်''

အမုန်းဝဋ်ကြွေး(အမုန်းဝဋ်ကြွေး) CompletedWhere stories live. Discover now