Story 10

3.2K 153 4
                                    

Unicode
................

မုန်းစေ နဲ့ နေရောင် လက်ထပ်ထားတာ ခုနဲ့ဆို ၃လလောက်ပင် ရှိနေပီ။ သူ့ရဲ့ ဗိုက်လေးသည်လည်း အနည်းငယ်မျှပူလာပီလေ။ နေရောင်ကတော့ လွန်ခဲ့တဲ့ ၃လ လုံးလုံး သူ့အားလျစ်လျူရှုထားကာ နေချင်သလိုနေတယ်။

တစ်ခါတစ်ခါ သင်းရနံ့ ဆိုတဲ့ အမျိုးသမီးကိုလည်း အိမ်ပေါ်ခေါ်ခေါ်လာတတ်သေးတယ်။ ကြည့်ရတာ ခုထိ မပျက်ကြသေးဘူးထင်တယ်။ သင်းရနံ့ ဆိုတဲ့ အမျိုးသမီးကလည်း နေရောင်ကို ခွင့်လွှတ်ထားပုံပဲ။ ထိုမိန်းမကလည်း လူပုံအလယ်မှာ နေရောင့်မယားပုံဖမ်းပီးနေနေတဲ့ အတိုင်းပဲ။

ဒေါ်ပိုင်ရတနာ ကတော့ သူ့သားနဲ့ သင်းရနံ့ ကို ခုထိသဘောတူနေတုန်းထင်တယ်။ မုန်းစေကို အားလုံးက လျစ်လျူရှုထားတာများ လေထက်တောင်ဆိုးသေးတယ်။ သူ့ဘက်ပါတဲ့သူ... ပါတယ်လည်းမဟုတ်ပါဘူး မကောင်းတတ်လို့ဆက်ဆံနေတယ်လို့ပဲ ထင်မိသူက ဒေါ်ကြည်တို့ လင်မယားပဲရှိတယ်လေ။

သူဘာမှမပြောပါဘူး... သူနှုတ်ဆိတ်စွာပဲ နေနေမိသည်။ ဘာလို့ဆို နေရောင် သူ့ကို မကြည်ဖြူတော့မှာ စိုးရိမ်လို့ပဲ။ သူ့ကိုမောင်းထုတ်မှာ စိုးရိမ်လို့။ သူ ဒီအိမ်ပေါ် တက်လာဖို့ ဘာတွေလုပ်ခဲ့ရလဲ သူသာ အသိဆုံးပင်။

မုန်းစေ ပက်လက်ကုလားထိုင်မှာ ထိုင်ပီး ကလေးလေးအတွက် ​ခေါင်းစွပ်ဦးထုပ်လေးထိုင်ထိုးနေလေသည်။ ဒီနေ့က ဦးထုတ်လေးအဆုံးသတ်ရမဲ့နေ့ပင်။ ပီးသွားတဲ့ဦးထုတ်လေးကို တစ်ချက်ကြည့်ပီး ပြုံးလိုက်မိသည်။ ကလေးလေးသာ ဝတ်လိုက်မယ်ဆို ဘယ်လောက်ပင် ချစ်စရာကောင်းလိမ့်မလဲ။

'' ကလေးလေးရေ... ကြိုက်ရဲ့လား ကြည့်ပါဦး.... ချစ်ဖို့ကောင်းတယ်မလား။ ပါပါး ထိုးပေးထားတာလေ... အာ့ကြောင့် ဒါလေးဝတ်ချင်ရင် ကျန်းကျန်းမာမာနဲ့ ကြီးလာပေးနော်''

မုန်းစေ အိမ်ပေါ်ထပ်ဝရံတာမှာ ထိုင်နေတာကြောင့် အောက်ထပ်ကို အတိုင်းသားမြင်နေရသည်။ ခြံထဲကို ကားတစ်စီးဝင်လာသည်။ သေချာတာပေါ့ အိမ်ကို ဝင်ထွက်မပျက် သွားလာနေတဲ့ သင်းရနံ့ ဆိုတဲ့ မိန်းမရောက်လာပြန်ပီးဆိုတာပဲ။

အမုန်းဝဋ်ကြွေး(အမုန်းဝဋ်ကြွေး) CompletedWhere stories live. Discover now