Story 24

2.6K 121 5
                                    

Unicode
................

နှစ်လ ဆိုသည်မှာ ဖင်လှည့်ခေါင်းလှည့်နဲ့ ခဏလေး ကုန်သွားလေသည်။ Sun ကုမ္ပဏီ ရဲ့ နှစ်ကုန်ပြပွဲနဲ့ လက်ဝတ်ရတနာရှိုးပွဲလုပ်မည့် ရက်လေးဟာလည်း ရောက်လာခဲ့လေသည်။ ထိုပွဲကို သတင်းထောက်တွေ အမြောက်အမြားနဲ့ ဖိတ်ထားတဲ့ ဧည့်သည်တွေကော အနုပညာရှင်များစွာ တက်ရောက်ကြသည်။

ဦးဇေယျာတို့လည်း ထိုပွဲကိုဖိတ်ထားတာကြောင့် သူတို့လည်းတက်ရောက်ဖို့ဖြစ်လာသည်။ မုန်းစေကတော့ ဒီပွဲမှာ ရဲရင့်အစား တက်ရောက်မှာဖြစ်သည်။ ဒါကို သူတို့ အဖေနဲ့အမေကိုလည်း ပြောပြထားပီးဖြစ်သည်။ မိဘတွေလည်း သိထားတာကြောင့် သူတို့ ဒီနေ့လုပ်ဆောင်ရမှာကို သေချာအစီအစဥ်ဆွဲနေလေသည်။

ကြားရတဲ့သီတင်းအရ သင်းရနံ့ ပါ ထိုပွဲကိုလာမည် ဆိုတာကြောင့်ပေ။ မုန်းစေ ... ရဲရင့်ပုံစံအတိုင်း အနက်ရောင် ကုတ်ရှည်၊ အတွင်းဝတ် အဖြူရောင်လည်ပိတ်လေးနဲ့ အောက်ပိုင်းက ဂျင်းအနက်လေးကိုဝတ်ဆင်ထားသည်။

ငွေရောင်ဆေးဆိုးထားတဲ့ ဆံပင်လေးတွေကိုလည်း သပ်တင်ထားကာ တစ်ချို့တစ်ဝက်ကတော့ ဝဲကျနေလေသည်။ ပွဲအတွင်း ကိုယ်တိုင်ရှိုးလျှောက်ရမည်ဆိုပေမဲ့ အကုန်ပီးပြည့်စုံဖို့လိုတာကြောင့် ထိုသို့ပြင်ဆင်နေခြင်း။

'' ဝိုး.... ကိုကြီး မိုက်တယ်.... ဒယ်ဒီနဲ့ မာမီ... ကိုကြီးပုံစံက ကျွန်တော်နဲ့ တူတယ်မလား ''

'' ဒါပေါ့ မာမီ့သားကြီးက တူလွန်းလို့ခက်နေတာ ''

'' ဒါနဲ့ သားငယ်ကော ဘယ်ချိန်လာမှာလဲ''

''ကျွန်တော်က ပွဲစချိန်မှလာမှာ မဟုတ်ရင် လူတွေသတိထားမိလိမ့်မယ်''

''ok... သားအဆင်ပြေရင်ပီးရော''

'' ဒယ်ဒီ့သားပါ... ပိုင်ပါတယ်...ဟဲဟဲ.... ကိုကြီး ဖိုက်တင်း''

''ကျေးဇူး''

မုန်းစေ ဦးဇေယျာတို့နဲ့ အတူထိုပွဲကိုသွားလိုက်သည်။ ဦးဇေယျာက သူတို့ရဲ့သားတစ်ခုခုဖြစ်မှာ အရမ်းစိုးရိမ်တာကြောင့် သူတို့သားရဲ့ မလှမ်းမကမ်းမှာ စောင့်ကျပ်ဖို့လွှတ်ထားလေသည်။

အမုန်းဝဋ်ကြွေး(အမုန်းဝဋ်ကြွေး) CompletedWhere stories live. Discover now