Story 38

3.1K 117 0
                                    

Unicode
.................

မုန်းစေက နေရောင့်အား ပြန်လက်ခံဖို့ စဥ်းစားပေးမယ်ပြောကတည်းက အိမ်ကိုလာတယ်ဆိုတာ ချောင်းပေါက်မတတ်ပဲ။ သားငယ်တောင် အသွားအပြန်နဲ့မို့ မုန်းစေပဲခေါ်ထားလိုက်သည်လေ။ အဲ့ကလေးက အစတည်းက မုန်းစေကိုခင်တွယ်သူမို့ ​ယောင်လို့တောင်မငြင်းပါ။ တစ်ခါတည်းအိမ်ပေါ်တက်လာတာ...နေရောင့်ကိုတောင် လှည့်မကြည့်ပေ။ (ဆိုးဆလပ်ပါ😅)

နေရောင့်အပေါ် မပြတ်နိုင်သေးတဲ့ မိမိစိတ်ကြောင့် အမေတို့စီစဥ်ပေးထားတဲ့ အိမ်ထောင်ဖက်ကိစ္စကိုလည်း အားနာနာနဲ့ ငြင်းလိုက်ရသည်။ မင်းခန့်နောင်ကတော့ သူတောင်မကြိုးစားကြည့်ရသေးဘူး အငြင်းခံလိုက်ရလို့ စိတ်တောင်မကောင်းဖြစ်သွားရသည်။

တော်သေးတာက သူ့ဘက်ကိုယ့်ဘက် သံယောဇဉ် အရှည်ကြီး ​မဖြစ်သွား၍ပင်။ မင်းခန့်ကိုလည်း မိတ်ဆွေအနေဖြင့်သာ ဆက်လက်ခင်နိုင်ကြောင်းပြောထားသည်။ ဒါကို မင်းခန့်ကလည်း လက်ခံသည်။ အကူအညီလိုလည်း သူ့ကိုပြောပါလို့တောင် မုန်းစေအားမှာထားသေးသည်။

နေရောင်ကတော့ မင်းခန့်ကို သိပ်အမြင်မကြည်ပါ။ မုန်းစေနဲ့ မင်းခန့် ဖုန်းတွေပြောဖြစ်ရင်လည်း အနားမှာ ဖုန်းမပြောနိုင်အောင် တွယ်တွယ်ကပ်တတ်သေးသည်။ အဲ့လိုပဲ အပြင်သွားရင်လည်း တောက်တဲ့လို ကပ်နေပီး အသားကလည်းယူသေး။

မုန်းစေ ဆူလိုက်ပြန်ရင်လည်း သူ မလုပ်သလို မျက်နှာငယ်လေးနဲ့ လူအများကြား မုန်းစေပဲ လူဆိုးဖြစ်ရသေးတယ်။ ခုလည်းကြည့်... ကိုယ့်ဘာသာကို ကုန်တိုက်ခဏသွားတာကို နောက်ကလိုက်လာပြန်ပီ။

''ဒီမှာ... ခဗျား အလုပ်မရှိဘူးလား''

''မရှိဘူး''

''နေစမ်းပါဦး... မရှိရအောင် ခဗျားရဲ့ ကုမ္ပဏီ ကဘယ်ရောက်သွားလို့လဲ''

''အာ.... ကိုယ့်ကုမ္ပဏီက ရောင်းစားလိုက်လို့ မရှိတော့ဘူး... အာ့ကြောင့်မို့ မုန်းကပဲ ကိုယ့်ကိုရှာကျွေးတော့လေနော်''

ရှယ်ယာတွေတော့ တခြားကုမ္ပဏီတွေမှာလိုက်ထည့်ထားတာတော့ ထည့်မပြောပြတော့ပေ။

အမုန်းဝဋ်ကြွေး(အမုန်းဝဋ်ကြွေး) CompletedWhere stories live. Discover now