Story 27

2.7K 129 0
                                    

Unicode
................

ရက်အတော်ကြာပီးနောက်..... နေရောင် တစ်ယောက် မုန်းဆိုတဲ့ကောင်လေးအားလိုက်ရှာနေမိသည်။ ပတ်ဝန်းကျင်က သူ့အားမသိစေချင်သော်လည်း သူကတော့ သိချင်သူမို့ အပင်ပန်းခံတိတ်တဆိတ်လိုက်ရှာနေမိသည်။

ဒီရက်ပိုင်းအတွင်း အလုပ်တစ်ဖက်နဲ့ ပုန်းနေသူကိုရှာဖွေရတာကလည်း မလွယ်လွန်းလှပေ။ ကြေးစားတွေငှားကာရှာဖွေရသည်မို့ လမ်းကြောင်းတွေကလည်းများလွန်းလှသည်။ နေရောင် တစ်ယောက် နားမလည်နိုင်တာက သူကိုယ်တိုင်ကပဲတုံးအလွန်းနေတာလား ပုန်းနေတဲ့သူကပဲ လည်လွန်းနေတာလားမပြောတတ်တော့.... အစပင်ရှာမရ။

သူ့အတိတ်မေ့နေတာနဲ့လည်းဆိုင်ကောင်းဆိုင်မည်လေ။ အတိတ်ဆိုမှပြောရဦးမယ်။ သူ ဆရာဝန်နဲ့တိုင်ပင်ပီး တိတ်တဆိတ် ဆွေးနွေးကြည့်သေးတယ်။ ဘာမှရေရေရာရာတော့ ထူးခြားမလာသေးဘူး။ ပေးတဲ့ဆေးကိုဆက်သောက်နေလို့လားမသိဘူး... ယခင်ပေါ်လာတဲ့ မှတ်ဉာဏ်လေးတွေတောင် နောက်တစ်ခါ လုံးဝကိုပြန်ပေါ်မလာတော့။

ခုတလော နေရောင် ထိုစိတ်နဲ့ပဲ လူကလည်း မဟန်ချင်တော့။ ဒီကြားထဲ ကုမ္ပဏီ ကလည်း တိုးတက်လက်စကြီးဆိုတော့ ပြိုင်ဆိုင်သူတွေများပြားလှသည်။ သူတစ်ချက်လှည့်မကြည့်လိုက်တာနဲ့ ချနင်းချင်တဲ့သူတွေ အများအပြား။ တစ်ခုမဟုတ်တစ်ခုပြဿနာပေါ်သည်။ ကြာရင် ကုမ္ပဏီတောင် ဒေဝါလီခံတော့မည်။ နောက်ကွယ်ကနေ ပြန်ထိန်းနေလို့သာ တော်ကာကျမည်။ နို့မို့ဆိုမလွယ်ပေ။

ကလေးတွေကလည်း မူကြိုအရွယ်ရောက်နေပီဆိုတော့ သူ့အိမ်နဲ့နီးတဲ့ မူကြိုကျောင်းလေးမှာ သွားထားထားသည်။ ကျောင်းမှာဆိုတော့ထိန်းမဲ့ဆရာမတွေရှိတော့ သက်သာတယ်လေ။

ဒီကြားထဲ ရဲရင့်ကလည်းမကြာခဏဆိုသလို ကလေးတွေကိုလာလာတွေ့သည်။ နေရောင်လည်း ရဲရင့်ကို စောင့်ကြည့်ခိုင်းထားတာကြာပီ။ ဘာမှထူးထူးခြားခြားပြောင်းလဲလာတာမတွေ့ရ။ ဒါကြောင့် သူလည်း စိတ်ချလက်ချလွှတ်ထားလိုက်သည်။

>>>>>>>

သင်း ဒီရက်ပိုင်းအတွင်း အမည်မသိလူဆီကနေ ပါဆယ်တွေအမြဲရောက်ရောက်လာသည်။ ပို့လိုက်တိုင်း သွေးစွန်းနေတဲ့အင်္ကျီတို့၊ သံတွေနဲ့ရိုက်ထားတဲ့ အရုပ်တို့ဘာတို့တွေ၊ တခါတစ်ရံ ကြွက်သေတွေတောင်ပါသေး။ ဘာရည်ရွယ်ချက်နဲ့ပို့လည်းဆိုတာ ရှင်းနေတာပဲလေ... သူ့အပေါ်မုန်းနေတဲ့သူဆိုလို့ မုန်းစေသူပဲရှိတယ်လို့ ခံယူထားတာကြောင့် သူမှလွဲပီး မည်သူမျှမရှိဟု တွေးလိုက်သည်။ ဒါ့ကြောင့်နောက်တစ်ခါ ပါဆယ်ဆိုတာနဲ့ မဖွင့်ကြည့်ပဲ လွှတ်ပစ်တာများသည်။

အမုန်းဝဋ်ကြွေး(အမုန်းဝဋ်ကြွေး) CompletedWhere stories live. Discover now