Story 23

2.7K 127 2
                                    

Unicode
................

မီးရောင်စုံကြားမှာ ပျော်ပါးကခုန်နေတဲ့သူတစ်ယောက်.... ထိုသူက တစ်ခြားတော့မဟုတ်ပါဘူး.... ပရိသတ်တွေရဲ့ idol လေး ဇေယျာရဲရင့်ပါပဲ။ ဘာလာလုပ်တာလဲဆိုတော့....  ရင်ကွဲနာကျနေတာပါ။

ဘာလို့လဲဆိုတော့... ကိုကြီး ဒဿနဲ့ ရန်ဖြစ်ထားလို့တဲ့လေ။ တကယ်ရန်ဖြစ်တာလား ဆိုတော့လဲမဟုတ်ပြန်ဘူး.... ဘာလို့ဆို ရဲရင့်က သူ့ဘာသာသူ တစ်ဖက်သတ် ရင်ကွဲနာကျနေတာ.... ဟိုကသိတောင်မသိဘူး။ သူ့ကိုတစ်နေကုန် ဖုန်းမဆက်လို့ဆိုပီး စိတ်ကောက်နေတာ။

ကြားထဲက ရဲရင့်ရဲ့လက်ထောက်လေး မုန်းစေသူကတော့ သူ့ရဲ့ချစ်လှစွာသောညီလေးကို လိုက်ထိန်းပေးနေရသည်လေ။

'' ကိုကြီး... မ,ကတော့ဘူးလား''

'' မုန်းကတော့ နိုးပါ''

''အမ်... အန်ကယ်ကတော့ 'နိုး' ပါ မဟုတ်ဘူးလား??''

'' ငါက အန်ကယ်မှမဟုတ်သေးတာ... အဲ့တော့ ကိုယ့်နာမည်ကိုပဲထည့်တယ်''

'' ကိုကြီးနာမည် မုန်းစေသူ မဟုတ်ပါဘူးနော်.... ဇေယျာရဲနောင်.... မှတ်ထားနော် ဒီညီလေးတော်တယ်မလား ဟဲဟဲ''

'' လာလာချည်သေး.... ကွကိုယ် ဘယ်လိုခေါ်ခေါ်ကွာ.... ငါ့ဘဝမှာ မုန်းစေသူဆိုတဲ့ နာမည်က နှုတ်ကျိုးနေပီ။ ပီးတော့.... ကိုကိုကလည်း မုန်းစရာကောင်းစေနိုင်သူတဲ့..... အဲ့တော့ ငါဒီနာမည်ပဲသဘောကျတယ်.... ဇေယျာရဲနောင်ကြီး မကြိုက်ဘူး''

''မရပါဘူး... သားသားရဲ့ ကိုကြီးက ရဲနောင်ပဲ... အဲ့ မုန်းစေသူ မဟုတ်ဘူး''

''ငါမကြိုက်ပါဘူးဆို''

''ကိုကြီးရဲနောင်.... ကိုကြီးရဲနောင်.... ကိုကြီးရဲနောင်...x10''

မုန်းစေ သိလိုက်ပီ... သူအရစ်ခံနေရပီဆိုတာ.... ဘယ့်နှယ့် ဒီစကားကိုပဲ ဆယ်ခေါက်လောက်ပြောနေတာ။ သူ့ဘဲဘဲကြီးကို ရစ်မရလို့ မုန်းစေဆီမှာ မူလီလာရစ်နေတာ။

ရဲရင့် သောက်သောက်စားစားနဲ့ dancing floor ထဲဝင်သွားပြန်ပီ။ ရဲရင့် စိတ်လွှတ်လက်လွှတ် ကခုန်နေတုန်း တစ်နေရာကို အကြည့်ရောက်သွားသည်။ အဲ့ဒါကတော့ သူ့ရဲ့ဘဲဘဲ ဒဿမင်းမောင်ပါပဲ။

အမုန်းဝဋ်ကြွေး(အမုန်းဝဋ်ကြွေး) CompletedWhere stories live. Discover now