Story 33

3.1K 124 4
                                    

Unicode
................

​မျက်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရသည်များက အဖြူရောင်ကြီးများသာ။ သူဘယ်ရောက်နေပီလဲ။ အဆုံးအစမရှိ ကျယ်ဝန်းလှတဲ့ လွင်ပြင်ကြီးမှာ တစ်ကိုယ်တည်း လေလွင့်ကာ မျောပါနေသည်။

အသိစိတ်ကင်းမဲ့စွာ လေးပင်နေသော ခံစားချက်ကြီးနဲ့အတူ ထိုနေရာကြီးမှာသာ တရွေ့ရွေ့သွားနေသည်။ လွင်ပြင်ကြီးရဲ့အဆုံးသတ်ကဘယ်မှာနည်း။

နောက်ဆုံး သွားရင်း ထူးခြားစွာဖြစ်ပေါ်နေတဲ့ မြစ်တစ်စင်းဆီရောက်ခဲ့သည်။ မြစ်ကို ဖြတ်ကူးရနိုးနိုး... မဖြတ်ကူးရနိးနိုး ဖြစ်နေခဲ့သည်။ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့လည်း.... ဘာမှမရှိ.... ကြည်လင်အေးမြနေတဲ့ ထိုမြစ်တစ်စင်းသာရှိနေသည်။

သူ့ခြေလှမ်းစတင်လှမ်းခဲ့သည်။ ထိုရေအေးတွေကို သူကြိုက်နှစ်သက်ခဲ့သည်။ ရေထဲကို တဖြည်းဖြည်းချင်း ဆင်းကာ လျှောက်လှမ်းလာသည်မှာ မြစ်လယ်နားတောင်ရောက်ခဲ့ပီ။ သူကောင်းကင်ကြီးကို တစ်ချက်မော့ကြည့်မိသည်။ ကြယ်ရောင်စုံစွာ တောက်ပနေခဲ့တဲ့ ကောင်းကင်ကြီး.... သူနောက်ကျောကို တစ်ချက်လှည့်ကြည့်လိုက်သည်။

လူတစ်ယောက်ရပ်နေကာ...

''မသွားပါနဲ့.....''

ထိုသူက ဝမ်းနည်းစွာ မသွားရန် ခဏခဏပြောနေသည်။ သူကိုယ်တိုင်လည်း ဆက်သွားရမလားမသိ ဖြစ်သွားရသည်။ သူထိုနေရာကိုတော့ ကြိုက်နှစ်သက်ခဲ့သည်။ ထို့ကြောင့် သူဆက်သွားဖို့ပြင်လိုက်စဥ်... သူ့အားနောက်မှလှမ်းဆွဲလိုက်သည်။

''မသွားပါနဲ့...ပြန်လာခဲ့ပါ''

ထိုသူရဲ့တုန်ရီနေတဲ့အသံက သူ့အားဝမ်းနည်းမှုကို ဖြစ်ပေါ်စေသည်။ ထိုသူကသူ့အား ဖက်ကာငိုကြွေးနေသည်။ သူလည်း မျက်ရည်များစီးကျကာ... ထိုသူနဲ့အတူငိုကြွေးမိသည်။ ပတ်ဝန်းကျင်မှ အရာများအားလုံးပြောင်းလဲကာ အမှောင်ကျသွားခဲ့သည်။ သူတို့နှစ်ယောက် ရှိရာနေရာသာ အလင်းဖျောဖျော့ကျန်နေခဲ့သည်။

သူနာကျင်ရသည်... ရင်ဘတ်တစ်ခုလုံးပေါက်ကွဲလုနီးပါး နာကျင်ရသည်။ သူငိုကြွေးမှုကိုအဆုံးသတ်ချိန်မှာတော့ ကြီးမားကျယ်ပြန့်လှတဲ့ အလင်းတစ်ခု သူ့ဆီလွှမ်းခြုံသွားရသည်။

အမုန်းဝဋ်ကြွေး(အမုန်းဝဋ်ကြွေး) CompletedWhere stories live. Discover now