Story 32

2.8K 128 14
                                    

Unicode
................

''တံခါးဖွင့်လိုက်...''

ခေါင်းဆောင်က မေးငေါ့ပြတော့ ငယ်သားက မုန်းစေရှိတဲ့နေရာရဲ့ တံခါးကို ဖွင့်ပေးလိုက်သည်။ တံခါးလည်းပွင့်လာကော မှောင်မိုက်နေတဲ့ အခန်းကျယ်ကြီးက စီးကြိုနေသည်။ ပီးတော့ ချဉ်စူးစူးရနံ့ရတာကြောင့် သူမအန်ချင်သွားသည်။

''ဝင်ချင်စိတ်တောင်ပျောက်တယ်.... အခန်းထဲမှာ မီးလေးဘာလေးမရှိဘူးလား ''

''စိတ်ချ... ဖြစ်စေရမယ်''

မုန်းစေအခန်းထဲမှာ အာဟာရပြတ်လတ်စွာ မှိန်းနေရင်း ခြေသံဖျော့ဖျော့ကို ကြားလိုက်ရသည်။ သူ့ရဲ့အစာအိမ်က အော်မြည်သံကိုလျစ်လျူရှုပီး အိပ်ပစ်ချင်သည်။ သို့သော်.... သူ့မျက်လုံးများကခွင့်မပြုခဲ့။ ဒါ့ကြောင့် မှိန်းရုံသာ တတ်နိုင်တော့သည်။ ကလေးတွေလည်းထို့အတိုင်းပင်။

သို့ပေမဲ့ ကလေးတွေကိုတော့ သနားညှာတာသောအားဖြင့် တစ်နေ့တစ်နပ်စာတော့ ကျွေးထားတာကြောင့် အနည်းငယ်တော်ကာကျနေသည်။ အကြီးမလေးက ကြံ့ကြံ့ခိုင်အောင်နေတတ်တော့ သိပ်ပြဿနာမရှိပေမဲ့ ရောဂါရှိတဲ့ အငယ်မလေးအဖို့ ပို၍ပင် စိုးရိမ်စရာတွေဖြစ်ကုန်မည်မဟုတ်ပေလား။

'' ကောင်လေး...ဘယ်လိုလဲ...နေသာထိုင်သာရှိရဲ့လား''

မုန်းစေ မှိတ်ထားတဲ့ မျက်လုံးအစုံကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်သည်။ ပုံရိပ်တစ်ခု... အမျိုးသမီးတစ်ဦး..... ထိုသူမကတော့.....

'' ဟက်....ထပ်ပီးတော့ ခဗျားပဲလား..... ကျွန်တော်ထင်လိုက်တာ ဘယ်ကလေကဝများလဲလို့ တကယ်တမ်းတော့ အခြေအမြစ်မရှိတဲ့ အဆင့်အတန်းက ခွေးဝဲစားတစ်ကောင်ဖြစ်နေတာကိုး''

''ဘာ!!!! နင်...နင်ကများ ငါ့ကို...''

'ဖြောင်း'

ရိုက်ချက်အနည်းငယ်ပြင်းတာကြောင့် မုန်းစေသူ ပါးပြင်မှာသွေးစပင် အနည်းငယ်စို့သွားရသည်။

''မှန်တာပြောလို့ နာနေတာလား အမိ''

'' သေခါနီးတောင် လေကြီးလေကျယ် လာပြောနေတယ်...မပူပါနဲ့ မင်းကော မင်းရဲ့သမီးတွေပါ တစ်ခါတည်းအပါ ခေါ်သွားပေးမှာ''

အမုန်းဝဋ်ကြွေး(အမုန်းဝဋ်ကြွေး) CompletedWhere stories live. Discover now