Ep - 1

4.5K 199 14
                                    

21 ရာစုတွင် နန်းတော်သမျှ ကြီးကျယ်ခန်းနားတဲ့ ရဲတိုက်တစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ ဆိုတာ တော်ရုံလူ စိတ်ကူးမယဉ်ရဲတဲ့ အရာပဲ ..... ဒါပေမယ့် အဲ့ထဲမှာ မှော်ဆရာ ရှောင်း .... မပါ ပါ။

မှော်ဆရာ ဆိုပေမယ့် မျက်နှာ သေးသေး နှာခေါင်းပဲ ကွက်ပြီး ချွန်ထွက်ပြီး ရုပ်ဆိုး အကျည်းတန်တာမျိုး မဟုတ်ဘူးနော်။ ခေတ်သစ် မှော်ဆရာ ...... အရပ်က 183.6 cm ခန္တာကိုယ် ပိန်ပိန်ပါးပါး၊ နဖူးလည်း မကျဉ်းမကျယ် အနေတော်လေး မျက်ဝန်းအိမ်က ကျယ်ပြီး အဖျားက ချွန်သွားတယ်။

ခန္တာကိုယ်မှာဆို ဆွဲဆောင်မှု အရှိဆုံးက ခါး သေးသေးလေးနဲ့ အနောက်က မက်မွန်သီး နှစ်လုံး။ မျက်နှာမှာဆို နှုတ်ခမ်းအောက်က မှဲ့လေးနဲ့ ကြီးနေတဲ့ ရှေ့သွား နှစ်ချောင်း။

' ဆရာရှောင်း .... ခင်ဗျား ကျုပ်တို့ကိုကျ ရဲတိုက်ကို နေ့တိုင်း သန့်ရှင်းရေး လုပ်ခိုင်းတယ်။ ခင်ဗျား ကိုယ်တိုင်ကျ ဘာလို့ တစ်ပတ်မှ တစ်ရက် ရေတစ်ခါပဲ ချိုးတာလဲ .....'

' ဟုတ်တယ် ကျနော်တို့က အရာဝတ္ထုတွေပဲ ဆိုပေမယ့် ခင်ဗျား အသက်သွင်းပေးလိုက်ကတည်းက ခံစားတတ်တဲ့ နှလုံးသားပါ ရှိသွားခဲ့ပြီ။

ချောတယ်ဆို ချောတယ် လို့ မြင်တတ်သလို အနံ့ အသက်တွေ မကောင်းရင်လည်း နံ တတ်တယ်ဗျ .....

ဒါကြောင့် .... ရေချိုးပေးပါ ဆရာရှောင်း ....'

' ရေချိုး ပေးပါ ......'

' ရေချိုး ပေးပါ .....'

ရှောင်းကျန့် သူ့ရှေ့မှာ ဒူးထောက်ချလိုက်ပြီး ကိုးရီးယား နန်းတွင်း ဇာတ်ကားထဲကလို အမတ်တွေ မင်းကြီးကို အသနားခံ တဲ့ ပုံစံ တွေ လာလုပ်ပြနေတဲ့ ကော်ပြားနဲ့ တံမြက်စည်းရယ် ကြည့်မှန် ရယ် ကို တွေ့လိုက်တယ်။

ရဲတိုက် တစ်ခုလုံးမှာလဲ သူ့ကို ပြန်ပြောရဲတာဆိုလို့ သူတို့ပဲ ရှိတာ။ ငါက မှော်ဆရာ ရုပ်ရှင် မင်းသား မဟုတ်ဘူး။ ရေ အမြဲတမ်း ချိုးစရာ မလိုဘူး ပြောတာကိုလည်း ဦးနှောက်မပါကြတော့ နားမလည်ဘူး ထင်ပါတယ်။

အခုလည်း သူ့ကို ရေချိုးခိုင်းနေပြန်ပြီ။ လကုန်ခါနီး တုန်းကမှ ချိုးထားတာလေ။ ဒီနေ့မှ လ ဆန်း ၁၀ ရက်နေ့ပဲ ရှိသေးတာ..... ထပ်ချိုးစရာလား။

Modern Wizard  ( Completed )Where stories live. Discover now