Ep - 22 ( Final )

1.5K 103 3
                                    

' ပေါင်ပေါင်း ရုပ်ရှင် လာကြည့်ချင်တာဆို။ ဘာလို့ အိပ်နေတာလဲ။'

' ဟာသ ဆိုပြီး ကြည့်တာလေ။ တစ်ကားလုံး ရယ်လဲ မရယ်ရဘူး။ အဲ့ဒါ မျက်လုံး အညောင်းခံပြီး မကြည့်တော့ဘူး။'

' ရယ်ရပါတယ်ကွာ... ရယ်ရတဲ့ နေရာကျ ပေါင်ပေါင်းပဲ အတင်းကြီး လုပ်ယူထားပြီး ရယ်ခိုင်းသလို ဖြစ်နေတာဆို ...'

' ဘာလဲ ... ကိုကိုက ကျနော့်ကို လူ့ဂွစာ လို့ ပြောချင်တာလား။'

ငင့် စ လာပြန်ပြီ။ ရိပေါ် မနေ့ည ပေါင်ပေါင်းရဲ့ ရစ် မှူကြီးကို သိထားရတာကြောင့် မြန်မြန် စကား လမ်းကြောင်း လွှဲဖို့ တွေးလိုက်တယ်။

' မဟုတ်ပါဘူး။ ရော့ ... ခုန ရေခဲမုန့် စားချင်နေတာဆို အရည်တွေ ပျော်တော့မယ်။'

' ဟင် ... ပေး ပေး။ အာ ... ခုနကတည်းက မပေးဘူး။ ကြည့်အုံး အရည်တွေတောင် ပျော်နေပြီ။'

' ကိုယ်လည်း ပေးမလို့ပါကွာ။ မေ့သွားလို့။ ဒါဆို မစားနဲ့တော့။ အပြန်မှ ထပ်ဝယ်ပေးမယ်။'

' အင်း။ တစ်ခြား မုန့်ပေး။'

' အင်း။ အကုန်လုံး ယူထားလိုက်မလား။'

' .....'

' အမ် ... အဟင်း မယူနဲ့ မယူနဲ့ ကိုယ်ပဲ ကိုင်ထားလိုက်မယ်။'

ရိပေါ် ပေးလိုက်တဲ့ မုန့်ထုတ် ပေါင်ပေါင်းဆီ မရောက်ခင် အကြည့်တစ်ချက်ကြောင့် သူ့ဘက်ကိုပဲ ပြန်ယူထားလိုက်ရတယ်။ မလွယ်ဘူး... ကလေးကို ကြိုက်ထားရတာလဲ။

' ကိုကို ...

ကိုကို ....'

' ဟင် ....'

ရိပေါ် ရုပ်ရှင် လာကြည့်တာဆိုပြီး ပေါင်ပေါင်းကို ရေတိုက်ရတာနဲ့၊ မုန့်တွေ ကိုင်ပေးရတာနဲ့ ရုပ်ရှင်ကို သေချာမကြည့်လိုက်ရပါ။ အခုလည်း ရုပ်ရှင်ထဲ ခနလေး အာရုံရောက်တာကို တစ်ခါခေါ်တာ ကြားပေမယ့် တမင် မကြားချင် ယောင်ဆောင် ထားလိုက်တာ။ နှစ်ခါမြောက်မှာ လေသံက နည်းနည်း ပုံမမှန် ဖြစ်လာတော့တာကြောင့် အမြန်ထူးလိုက်ရတော့တယ်။

' ပြန်ရအောင် ... ပျင်းလာပြီ။'

' ပြန်ကြတော့ .... ခုန ကတည်းက စကားတွေ များနေတာ။ ရုပ်ရှင်ကို ကောင်းကောင်း မကြည့်ရဘူး။ သူ့ အသံချည်းပဲ။'

Modern Wizard  ( Completed )Where stories live. Discover now