Ep - 8

934 111 0
                                    

' အဲ့ဒါဆို နင်လည်း အလုပ် ရပြီပေါ့။'

' အင်း ဟုတ်တယ်။ ဒါပေမယ့် အသေ ဦးနှောက်စားရမှာ။ ဒီနေ့တောင် ငါ့ကို လက်တန်း ဒီဇိုင်းဆွဲခိုင်းတာ ၁၅ မိနစ်ကို ကြာလို့တဲ့။ ငါတော့ အလုပ်ရတာတောင် မပျော်ချင်ဘူး။'

' ငါလည်း ဘာထူးလည်း ပစ္စည်း အပိုင်း အစတွေနဲ့ ဆက်ပြီး တစ်ခုလုံး အသစ် ဖြစ်အောင် လုပ်ရမှာ။ ပြီးရင် သူများက ပစ္စည်း ဝယ်ပြီး အိမ်မှာ ဆင်ချင်ရင် အိမ်ထိ service ပေးရအုံးမှာတဲ့။'

' ဒါနဲ့ နင် ချန်ချန် ဆီ သွားခဲ့တယ်ဆို။ သူ ဘာပြောလဲ'

' ဘာမှမပြောဘူး။ သူလည်း တတ်နိုင်တာ မရှိဘူးတဲ့။ မှော်ဆရာ သက်တမ်းမှာ ရေမချိုးလို့ လူသား အဖြစ်ပြောင်းရတာ ငါတို့ပဲ ရှိမယ် ထင်တယ်။'

' အေးလေ ... တွေးလေ တွေးလေ အဓိပ္ပါယ် မရှိလေပဲ။ ငါတို့တော့ ဒီလူသား ဘဝ နဲ့ ဘယ်လောက်ထိ နေရအုံးမလဲ မသိဘူး။'

' တစ်ခုတော့ ရှိတယ်။ ငါ ဒီနေ့ မှော် စျေးကွက်ပဲ သွားခဲ့သေးတယ်။'

' အင်း ... ဘာဖြစ်လဲ။'

' ငါတို့ သွားနေကျ ဆိုင်က အဘိုး ပြောတာတော့ ငါတို့ တစ်ယောက် ယောက်ကို ဘာကျေးဇူးမှ မမျှော်လင့်ပဲ စိတ်ဆန္ဒပြင်းပြင်းပြပြ နဲ့ ကူညီရင် မှော်အစွမ်းတွေ ပြန်ရလိမ့်မယ်တဲ့။'

' ဟမ် ..... ဘယ်လိုကြီးလဲ...'

' ငါလည်း မသိဘူး။ အားးးး မနက်ဖြန် အလုပ် မလုပ်ချင်တာတော့ သိတယ်။'

' အတူတူပဲ .... အလုပ် လုပ်ရတာ ဒီလောက် ပျင်းဖို့ကောင်းပြီး ပင်ပန်းမယ်မှန်း မထင်ထားဘူး။'

' ငါ ခန လှဲအုံးမယ်။ နင် ရေချိုးမယ်ဆို အရင် သွားချိုး။'

' အေး ....'

ကျိုးချန်လည်း ဆက်လှဲနေလည်း ထူးလာမှာ မဟုတ်တာကြောင့် ရေချိုးဖို့ပဲ လုပ်လိုက်တော့တယ်။
~~~~~~~~
ရိပေါ် အိမ် ပြန်ရောက်တော့ မား နဲ့ ကိုကို့ ကိုပဲ တွေ့ရတာကြောင့် ....

' ကိုကို ... ကိုကို့ ကောင်မလေးကော ...'

' ပြန်သွားပြီ။'

' ဟမ် .... ဘာလို့လဲ။'

' ကိုကိုနဲ့ သူနဲ့ က ပြတ်သွားပြီ။'

Modern Wizard  ( Completed )Where stories live. Discover now