Ep - 12

915 108 0
                                    

' သားငယ် .... ဘယ်သူတွေ ပါ လာတာလဲ ...'

ရှောင်းကျန့် နဲ့ ကျိုးချန် အိမ်ထဲကို လိုက် ဝင်သွားလိုက်တာနဲ့ အမျိုးသမီး တစ်ယောက်ရဲ့ အသံကြောင့် နှစ်ယောက်သား တိုင်ပင်စရာ မလိုပဲ ဟိုလူရဲ့ ခန္တာကိုယ်နဲ့ ကွယ်လိုက်ကြတယ်။

' ဆိုင်က ကောင်လေး တစ်ယောက်နဲ့ သူ့သူငယ်ချင်း တစ်ယောက် ပါလာတာ။'

ရှောင်းကျန့် နဲ့ ကျိုးချန် ဆက်ကွယ်နေလို့ မရတာကြောင့် ဘေးကို ထွက်လိုက်ကြတယ်။

' သူက ရှောင်းကျန့် တဲ့ ခေါ်ထားတာ မကြာသေးတဲ့ ဒီဇိုင်း ဆွဲတဲ့ သူ။ သူ့သူငယ်ချင်းတော့ နာမည် မသိဘူး။'

' ဟုတ်ကဲ့ ကျနော့် နာမည် ဝမ်ကျိုးချန် ပါ။ ရှောင်း နဲ့ အချစ်ဆုံး သူငယ်ချင်းပါ။'

ကျိုးချန် အိမ်ထိ ခေါ်လာပြီး သူ့ ကျမှ နာမည် မသိဘူး ဆိုတဲ့ လူကြောင့် သူ့ကိုယ်သူပဲ မိတ်ဆက်လိုက်ရတယ်။

' ကျနော့် နာမည်က ရှောင်းကျန့် ပါ။'

ရှောင်းကျန့် ဟိုလူက မိတ်ဆက်ပေးတယ်ဆိုပေမယ့် ဘာမှ ဝင်မပြောရင် ယဉ်ကျေးမှု မရှိရာ ရောက်တာကြောင့် သူ့ နာမည်ကို တစ်ခါ ပြန်မိတ်ဆက်လိုက်တယ်။

' ဪ ... သားငယ်က တစ်ခါမှ သူငယ်ချင်းတွေကို အိမ် မခေါ်လာဖူးဘူးဆိုတော့ ထူးဆန်းသွားတာ။

ကဲ ... လာ ထိုင်ကြ။ ထမင်းစားပြီးမှ ပြန်ကြပေါ့။'

' သူတို့ မပြန်ဘူး မား။ ရှောင်းကျန့် နဲ့ ကျနော်က ဒီဇိုင်း ဆွဲရအုံးမှာ။'

' ဘယ်လို .... ဒါ အလုပ်ချိန်မှ မဟုတ်တော့တာ။'

ရှောင်းကျန့် နဲ့ ကျိုးချန် ဟိုလူကို မနိုင်လို့သာ ဘာမှမပြောကြတာ။ အခု သူ့ အမေရဲ့ အမေးကို သူ ဘယ်လို ဖြေမလဲ ကြည့်လိုက်အုံးမယ်။

' ဟုတ်တယ်။ ဒါပေမယ့် သူ ဒီနေ့ အပြီး လုပ်ရမယ့် အလုပ်ကို မလုပ်သွားဘူး။ အဲ့ဒါကြောင့် အိမ်မှာ လာလုပ်ခိုင်းတာ။'

' သားငယ် ... သားဟာက မဟုတ်သေးပါဘူး။ မသိရင် အိမ်စာ မပြီးတဲ့ ကလေးကို နင် ဒါပြီးမှ အိမ် ပြန်ရမယ် ဆိုသလို ဖြစ်နေပြီ။

Modern Wizard  ( Completed )Where stories live. Discover now