Ep - 18

886 90 0
                                    

အခုဆို အကုန်လုံး မှော်ဆရာရှောင်းရဲ့ ရဲတိုက်ထဲမှာ ရှိနေကြပါတယ်။

' ဒါဆို ခင်ဗျား မုတ်ဆိတ်ဖြူကို လူသား အဖြစ် ပြောင်းလိုက်ပြီပေါ့။'

' ဟုတ်တယ်။ ပြီးတော့ အဘိုးကြီး ခင်ဗျားကို ကျေးဇူးတင်တယ် ကျနော့် သမီးနဲ့ မြေးလေးကို ကယ်ခဲ့ပေးတာ။'

' ငါက ဒီထက် တိုက်ခိုက်ရဖို့တောင် မျှော်လင့်ထားတာ။ အခုတော့ ငါတို့မှာ ရန်သူတောင် မရှိတော့ဘူး။ တစ်ခြား မှော်ဌာနက အကြီးကဲတွေလည်း ဒီကိစ္စ သိသွားပြီဆို။'

' ဟုတ်တယ်။ ကျနော် သွားရအုံးမယ်။'

' အင်း ကျနော်ပါ ခင်ဗျားနဲ့ လိုက်ခဲ့လိုက်မယ်။'

ချန်လု သူ မှော်ပစ္စည်း ရောင်းတဲ့ဆိုင်က အဘိုးနဲ့ စကားပြောနေတာကို ကြည့်နေပြီး ဘာမှ ဝင်မပြောတဲ့ သမီး အနားကို သွားလိုက်တယ်။

' သမီး .... ပါး ကို ခုထိ ခွင့်မလွှတ်နိုင်သေးဘူးလား။'

' သမီး သိပြီးပါပြီ။ သားတို့ အဖေ သေရတာ ပါး ကြောင့် မဟုတ်ဘူးဆိုတာ။ သမီးပဲ ပါး ကို တောင်းပန်ရမှာပါ။ သမီးကြောင့် ပါး အရှက်ရခဲ့တာ။ အဲ့ဒါကို သမီးက ပါးကို ထပ်ပြီး အထင်လွှဲနေခဲ့တယ်။ သမီး တောင်းပန်ပါတယ် ပါး။'

' မလိုဘူး။ မလိုဘူး။ ပါး နဲ့ သမီး အခုလို နားလည်မှု ပြန်ရှိသွားတာကိုပဲ ပါး အတွက် လုံလောက်ပြီ။ အခုလည်း ပါး ကြောင့်နဲ့ သမီး တို့ အသက်အန္တာရာယ် ဖြစ်တော့မလို့။'

ချန်လု သူ့ ရှေ့ ဒူးထောက်ချတဲ့ သမီးကို ဆွဲထူလိုက်ပြီး ပြောလိုက်တယ်။

' ဒါဆို ပါး မှော် ဌာနချုပ် ပြန်လိုက်အုံးမယ်။ သမီး လည်း သေချာ အနားယူလိုက်အုံး။

ကဲ ... မြေး သားရဲ့ အမေကို ဂရုစိုက်လိုက်အုံး။'

' ဟုတ်ကဲ့။'

ဟိုက်ခွမ်းလည်း သူ့ အဘိုးဆိုသူကို စိမ်းနေသေးတာကြောင့် ဟုတ်ကဲ့လို့ ပြောပြီး စကားအပို ထပ်မပြောဖြစ်လိုက်ပါ။
~~~~~~~~
' အီးးးး ဟီးးးး ဟီးးးးး ဆရာ ရှောင်း။ ထ ပါတော့။ ကျနော့်ကို ဆူချင်လည်း လာဆူပါ။ ခုလို အိပ်မနေပါနဲ့။'

Modern Wizard  ( Completed )Where stories live. Discover now