Ep - 13

887 98 0
                                    

ရှောင်းကျန့် နဲ့ ကျိုးချန် မနေ့ည ကရော ဒီနေ့ မနက်ထိ သူတို့ တကိုယ်လုံးမှာ ဝမ် မျိုးနွယ်ရဲ့ အဝတ်စားတွေ နဲ့ ဖြစ်နေတယ်။ မနေ့ညကျ ဝမ်ရိပေါ် ၊ ဒီနေ့ မနက်ကျ ကျိုးချန်ရဲ့ CEO သူ့ အဝတ်စားတွေ လာပေးသွားတယ်။

' ငါ တကိုယ်လုံး ယားလာသလိုပဲ။ တော်ပြီ နောက်ကျရင် ဒီအိမ် ခြေဦးတောင် မလှည့်တော့ဘူး။ နင့်ကို အချိန်ပို ဆင်းခိုင်းရင် ဆိုင်မှာပဲ ဆင်းလိုက်တော့။'

ကျိုးချန် မှန်ထဲက သူ့ ပုံကို ကြည့်ပြီး မကျေမနပ်နဲ့ ရေရွတ်နေတာပဲ ဖြစ်တယ်။

' ဟင့် .... ငါကလည်း လာချင်နေတယ် ထင်လို့လား။ လူ တကိုယ်လုံးတောင် ပျောက်ကွယ် သွားချင်တာ။ ငါ့ရဲ့ မှော်အစွမ်း ပြန်ရလို့ကတော့ အဲ့ ဝမ်ရိပေါ်ကို အရင်ဆုံး ဝက် လုပ်ပစ်မယ်။'

' ဟိ ဟိ ....'

' နင် ဘာရယ် တာလဲ .....'

' ငါ ဝက်ပုံနဲ့ ဝမ်ရိပေါ်ကို မျက်လုံးထဲ မြင်ယောင်လာလို့ပါ။'

' ဟိ ... ချစ်စရာလေး နေမှာနော်။'

ရှောင်းကျန့်လည်း ကျိုးချန် ပြောမှ ဝက်နှာခေါင်းနဲ့ ဝမ်ရိပေါ်ကို မြင်ယောင်သွားတယ်။

ကျိုးချန် ချစ်စရာလေးဆိုပြီး ပြောလာတဲ့ ရှောင်းကြောင့် ဖြတ်ခနဲ ကြည့်လိုက်တော့ သဘောရိုးနဲ့ပဲ ပြောနေတဲ့ မျက်နှာပေးနဲ့ ပဲ ဖြစ်နေတာကြောင့် သက်ပြင်းခိုးချ လိုက်တယ်။ ရှောင်း အ အ လေး ဘယ်နေ့ ဝမ်ရိပေါ် လက်ထဲ ရောက်မလဲ မသိဘူး။
~~~~~~~
' လာ ...'
ရိပေါ် အိမ်ထဲက ထွက်လာတဲ့ နှစ်ယောက်ကို ထဲက တစ်ယောက် ကို လက် သွားဆွဲပြီး ကား ဆီ ခေါ်လာလိုက်တယ်။

ကျိုးချန် လည်း အမြန်နောက်က လိုက်သွားမလို့ လုပ်တော့ ....

' မင်းက ကိုကိုနဲ့ပဲ သွားတော့လေ။ ခန နေ ကိုကို ဆင်းလာလိမ့်မယ်။'

ကျိုးချန် အဲ့ဒီ ရှောင်းရဲ့ အလုပ်ရှင်ကို တော်တော်ကို ကြည့်မရတော့တာပဲ ဖြစ်တယ်။ လမ်းလည်း သင့်နေတာကို သူ့ကိုပါ ခေါ်သွားတော့ ဘာဖြစ်လို့လဲ။

' ကျိုးချန် ငါ သွားပြီ။'

ရှောင်းကျန့်လည်း သူ့ကို လာဆွဲခေါ်သွားပြီး ကျိုးချန် မပါလာတော့ သွားပြီဆိုပြီး လက်ပဲ လှမ်းပြလိုက်တယ်။

Modern Wizard  ( Completed )Where stories live. Discover now