Ep - 16

878 92 0
                                    

ရှောင်းကျန့် miss call များစွာနဲ့ ဖုန်းကို ကြည့်ပြီး အိမ်ထဲ ရှေ့ နောက် လျှောက်နေလိုက်တယ်။

ဒီလောက် အများကြီး ခေါ်ထားပြီး ဘာလို့ ထပ်မခေါ်လာတာလဲ။ အခု ထပ်ခေါ်လာရင် ငါ ကိုင်တော့မှာလေ။

' ဆရာရှောင်းပဲ ပြန်ခေါ်ရင် ခေါ်လိုက်ပါလား။ မဟုတ်ရင်လည်း ထိုင်နေပါတော့။ မျက်စိကို နောက်နေတာပဲ ...'

' ငါ ပြန်ခေါ်ရင် သူ့ဘက်က တစ်မျိုးထင်သွားနိုင်လား။'

' ဘာထင်ရမှာလဲ.... ထင်စရာ မလိုဘူး။ ဆရာရှောင်းလည်း သူ့ကို ကြိုက်နေတယ်ဆိုတာ သေချာသွားမှာ။'

' အမ် .... အဲ့လိုဆို မခေါ်တော့ဘူး။'

' ဒါဆို ဆရာရှောင်းက သူ့ကို မကြိုက်ပဲ ဘာလို့ ဖုန်းကိုင်ပြီး ဟိုလျှောက် ဒီလျှောက် လျှောက်နေတာလဲ။'

' အဲ ... အဲဒါ တနေကုန် ထိုင်နေတော့ ပျင်းလို့လေ။ ညောင်းလို့ လမ်းထလျှောက်တာ...'

' ဟွန့် ..... အဲ့ဒါဆိုလည်း သူ အိမ်ထိ လိုက်လာတာပဲ စောင့်ပေါ့။'

' အိမ် ... အိမ်ကို ....'

ရှောင်းကျန့် အိမ် ဆိုမှ အခုချိန်မှာ မုတ်ဆိတ်ဖြူက ချန်ချန် နဲ့ ပတ်သက်နေတဲ့ လူတွေကို စောင့်ကြည့်နေတာ။ သူ့ကိုလည်း မသိဘူးလို့ မပြောနိုင်ဘူး။ သူ လာလို့ မုတ်ဆိတ်ဖြူက တစ်ခုခု လုပ်လိုက်ရင် ....

' မဖြစ်ဘူး။ သူ အိမ် လာလို့ မဖြစ်ဘူး။'

' ဘာ ... ဘာဖြစ်လို့လဲ ....'

တံမြက်စည်းလည်း ဆရာရှောင်း ခုလောက်ထိ မျက်စိ မျက်နှာ ပျက်တာ မမြင်ဖူးတာကြောင့် လန့်ပြီး စကားပါ ထစ် သွားရတယ်။

' ဟင့်အင်း။ သူ အိမ်လာလို့ မဖြစ်ဘူး။ ငါ သွားမယ်။ ငါပဲ သူ့ဆီ သွားလိုက်မယ်။'

' ဆရာရှောင်း ... ဘာဖြစ်လို့လဲလို့ ... ကျနော်ပါ လန့်လာပြီနော်။'

တံမြက်စည်း ခုမှ အရူးလိုနဲ့ တကယ်တူသွားပြီး ပါးစပ်ထဲ ဖုန်းထည့်ကိုက်ပြီး ဟို လျှောက် ဒီလျှောက် ထပ်လုပ်ပြန်တဲ့ ဆရာရှောင်းကြောင့် ငိုပါ ငိုချင်လာတယ်။

' သူ အိမ်လာခဲ့ရင် မုတ်ဆိတ်ဖြူ သူ့ကို တစ်ခုခု လုပ်လိမ့်မယ်။'

Modern Wizard  ( Completed )Where stories live. Discover now