Ep - 7

1K 112 2
                                    

ကျိုးချန် အလုပ်ရောက်တော့ မနေ့က သူ အင်တာဗျူး မဝင်ရခင် စောင့်ရတဲ့ နေရာမှာပဲ ထိုင်စောင့်နေလိုက်တယ်။

ခနအကြာတော့ ၉ နာရီလည်း ထိုးခါနီးပြီမို့ လူတွေ အလျို လျို ဝင်လာတာကို တွေ့ရတယ်။

ကျိုးချန် လာတဲ့ လူတွေကို ကြည့်ပြီး အပေါ်ပဲ လိုက်တက်သွားရမလား၊ ဆက်ပဲ ထိုင်နေရမလား ဘာလုပ်ရမှန်း မသိ ဖြစ်သွားတယ်။

ယွင်ရှင်း သူ ရုံးရောက်တော့ မနေ့က အလုပ် လာဆင်းခိုင်းတဲ့ ကောင်လေးက reception ရှေ့မှာ ထိုင်စောင့်နေတာ တွေ့လိုက်ရတယ်။

CEO ကလည်း သူ့ကို အဲ့ကောင်လေး လာရင် ဘယ်မှာ ထားရမလဲဆိုတာ ပြောထားပြီးသား ဖြစ်တာကြောင့် သူနဲ့အတူ ခေါ်သွားလို့ ကောင်လေး အနားကို သွားလိုက်တယ်။

' ဒီက ... မောင်လေး။ အစ်မ နောက် ကလိုက်ခဲ့နော်။'

' ဟုတ်ကဲ့ ....'

ကျိုးချန်လည်း မနေ့က သူ အင်တာဗျုး လာတုန်းကလည်း CEO နဲ့ အတူ ရှိနေတာ မြင်ဖူးထားတဲ့ မန်နေဂျာ ဆိုတဲ့ အစ်မ က သူ့ကို လာခေါ်တာကြောင့် အနောက်က လိုက်သွားလိုက်တယ်။

' ကဲ .... မောင်လေး ပါလာတဲ့ ထမင်း ဗူးကို အနောက်ဘက်မှာ သွားထားလို့ ရတယ်နော်။ အနောက်မှာ ထမင်းစားခန်း သပ်သပ် လုပ်ထားတာ ရှိတယ်။

ပြီးတော့ ... အခု မောင်လေး နေရမှာက IT ငှါနမှာ နေရမှာ အစ်မ တို့ Company က IT နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ တင်တယ်။

ဥပမာ.. ကွန်ပျူတာဆိုရင်လည်း အစ်မတို့ ပစ္စည်းတွေပဲ ဝယ်ပြီး Company မှာ ဆင်တယ်။ ပြီးရင် စျေးကွက်ထဲ ပြန်ဖြန့်တယ်။ တစ်ခြား service တွေလည်း လုပ်ပေးတယ်။

မောင်လေး စစချင်းတော့ ဘာမှ သိအုံးမှာ မဟုတ်ဘူး။ တဖြေးဖြေး နားလည်သွားလိမ့်မယ်။

လာ ... အစ်မ မောင်လေး နေရမယ့် ငှါနက လူတွေနဲ့ မိတ်ဆက်ပေးမယ်။'

ကျိုးချန်လည်း ခုန အဲ့ဒီ အစ်မ ပြောတာတွေ တကယ်လည်း နားမလည်ပါ။ သူ့ ထမင်းဗူးကို သွားထားခိုင်းတဲ့ နေရာလည်း မသွားရသေးတာကြောင့် လက်ထဲ ကိုင်ထားပြီး အစ်မ ပြောတဲ့ သူ နေရာရမယ့် ငှါနဆီကို လိုက်သွားလိုက်တယ်။

Modern Wizard  ( Completed )Where stories live. Discover now