Ep - 2

1.4K 148 13
                                    

ရှောင်းကျန့် သူတို့ကို လူသားအသွင် ပြောင်းလိုက်ကတည်းက ကျိုးချန်လည်း သူ့အိမ်မှာ လာသောင်တင်နေတယ်။

အခု ရှောင်းကျန့် နဲ့ ကျိုးချန် ကုတင် ခေါင်းရင်းဘက်ကို ခြေဆင်းထားပြီး သူတို့ နှစ်ရောက် ရှေ့ဆက်မယ့် အရေးကို စဉ်းစားနေကြတယ်။

' ဟျောင့် ကျိုးချန် ....'

ကျိုးချန် ဒီလောက် နီးနီး ကပ်ကပ် အိပ်နေတာကို သူ့ကို ခြေကန်ပြီး ခေါ်လာတဲ့ ရှောင်း ကြောင့် မထူးပဲ နေလိုက်တယ်။

' ဟဲ့ ....'

' အာ ..... ဘာလဲကွာ ...'

' ဘာရမှာလဲ ... နင် ဒီလိုပဲ နေ နေမှာလား။ တစ်ခုခု စဉ်းစားလေ.....'

' ငါ စဉ်းစားနေတာပဲလေ..... နင်ပဲ ငါ့ကို အာရုံ လာ လာနောက် နေတာ....'

' ဖြစ်ရတယ်..... ဒါနဲ့ နင် ဘာတွေ လုပ်တတ်လဲ မှော်တုတ် မပါပဲ.....'

' ငါလား .... အင်း ငါ ကွန်ပျူတာ ကိုင်တတ်တယ်။'

'ဘတ် ..... ချီးကို ကွန်ပျုတာ ကိုင်တတ်။ ကိုင်တာတော့ ငါလည်း ကိုင်တတ်တယ်။ နင် ဘာကျွမ်းကျင်တာလဲ မေးတာ....'

ကျိုးချန် သူ့ နဖူးကို လာရိုက်တဲ့ ရှောင်း ကြောင့် ပွတ်လိုက်ရင်း ရှောင်း ပြောတာကို ဆက်စဉ်းစားနေတယ်။

' ငါ သိပြီ ... ငါ ဘာကျွမ်းလဲ ဆိုတာ....'

'ဘာလဲ .... ဘာလဲ ...'

' ငါ ကားမောင်းကျွမ်းတယ်။ နင်ကော နင်က ဘာ လုပ်တတ်လဲ ....'

' ငါလား ... ငါ ပုံဆွဲတတ်တယ်လေ....'

ကျိုးချန် ရှောင်းရဲ့ စကားကြောင့် ဟိုတစ်ခါ သူ့ မွေးနေ့တုန်းက ရှောင်း ဆွဲပေးတဲ့ ပုံကို သတိရသွားတယ်။ သူ မြင်တာတော့ ဝ လုံးတွေကို လျှောက်ခြစ်ထားတာပဲ မြင်တယ်။ ရှောင်း ပြောတာတော့ အဲ့ဒါ သူ့ လက်ရာထဲမှာ အကောင်းဆုံးပဲတဲ့....

' ဖြစ်ပါ့မလား... ငါတို့ အခု လုပ်တတ်တာတွေက လူတွေကြားထဲ တကယ် သုံးလို့ ရပါ့မလား။'

'ဖျောက် ....'

ကျိုးချန် ရုတ်တရက် ထ ပြီး လက်ဖျောက်တီးလိုက်တဲ့ ရှောင်း ကြောင့် ဘာဖြစ်တာလဲ ဆိုပြီး သူပါ လိုက် ထ လိုက်တယ်။

Modern Wizard  ( Completed )Where stories live. Discover now