Ep - 15

867 90 0
                                    

' ဆရာ ရှောင်း......'

' ဆရာ ရှောင်း လို့ ....'

' ဘာလဲဟာ ......'

' ဆရာရှောင်း ဒီနေ့ အလုပ် မသွားရဘူးလား။'

' ထွက်လိုက်ပြီ။'

' ဟင် ...!!!! တစ်ပတ်ပဲ သွားရသေးတယ်လေ။'

' ကဲ .... သွားစမ်းပါ။ ငါ အိပ်အုံးမယ်။'

ရှောင်းကျန့် သူ့ ကို လာတွန်းထိုး နေတဲ့ တံမြက်စည်းကြောင့် စောင်ခေါင်းမြီး ပြန်ခြုံလိုက်ပြီး နှင်ထုတ်လိုက်တယ်။

' ဟွန့် ... ဒါဆို ကျနော်တို့ အိမ် အသစ် မပြောင်းရတော့ဘူးပေါ့။'

' ဝုန်း .....'

' အားးး ဆရာရှောင်း ဘာလို့ မပြောမဆိုနဲ့ ထ လာတာလဲ။ လန့်တာာာာ'

' ငါ့ရှေ့မှာ အိမ် အသစ်အကြောင်း ထပ်လာမပြောနဲ့။ မဟုတ်ရင် နင့် ရည်းစား ကော်ပြားကို ငါ လွှင့်ပစ်မှာ။'

တံမြက်စည်း ဒီနေ့ ဆရာရှောင်း တကယ် စိတ်မကြည်ဘူးဆိုတာ သိလိုက်ပြီ ဖြစ်တာကြောင့် အခန်းထဲက အမြန်ပြန်ထွက်လာလိုက်တယ်။
~~~~~~~~
' ဒူ ဒူ ဒူ ......'

ဟိုက်ခွမ်း ခုမှ ရုံးရောက်လို့ အိတ်ကို စားပွဲပေါ် ချထားရုံ ရှိသေး ဖုန်း မြည်လာတာကြောင့် ကြည့်လိုက်တော့ ငယ်လေး ....

' ဟလို .... ငယ်လေး။'

' ကိုကို ... ကိုကို့ရုံးက ဝန်ထမ်းအသစ်ကောင်လေး ရုံးတက်လား။'

' ကိုကို ခုမှ ရောက်တာလေ။ ဘယ်သိမလဲ...'

' ကိုကို တစ်ချက် စစ်ကြည့်ပေးအုံး။ ကျနော့် အလုပ်က တစ်ယောက်က မလာဘူး။'

' ဟင် ... ဟုတ်လား။ အင်း ခန ကိုကို မေးကြည့်မယ်။'

ဟိုက်ခွမ်း ဖုန်း မချသေးပဲ ရုံးဖုန်းကနေ IT လိုင်းဘက်ကို ခေါ်လိုက်တယ်။
' ......'

' ......'

' ဟုတ်ပြီ။ အဲ့ဒါပဲ မေးကြည့်တာ။'

ဟိုက်ခွမ်း ဖုန်း ပြန်ချလိုက်ပြီး တစ်ဖက်က ဖုန်းကို နား ပြန်ကပ်လိုက်တယ်။

' ငယ်လေး... ကိုကို့ ရုံးက တစ်ယောက်တော့ လာတယ်တဲ့။ ငယ်လေး ဝန်ထမ်းက ဘာဖြစ်လို့လဲ။ နေမကောင်းလို့များလား။'

Modern Wizard  ( Completed )Where stories live. Discover now